ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများတွင် စာသင်ကျောင်းသုံးကျောင်းဆောက်လုပ်ခြင်းနှင့် လမ်းတစ်လမ်းအဆင့်မြှင့်တင်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၄၈ဝ,၉၄၃ ထောက်ပံ့မှု
၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် တိုင်းဒေသကြီးများမှ ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌတို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏ အသေးစားစီမံ ကိန်းများထောက်ပံ့ရေး အစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၄၈ဝ,၉၄၃) ကို ထောက်ပံ့မည်ဖြစ်ပြီး အဆိုပါ စီမံကိန်းများမှာ-

၁။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းကြီးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း ဆောက် လုပ်ရေးစီမံကိန်းအတွက် (အမေရိကန်ဒေါ်လာ ၇၂,၁၈ဝ)၊
၂။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကျိုက်ဒေးယုံကျေးရွာအုပ်စုလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် (အမေရိကန်ဒေါ်လာ ၁၄၁,၈၄၈)၊
၃။ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မဒေါ့ချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်းအတွက် (အမေရိကန်ဒေါ်လာ ၁၁၉,ဝ၂၃) နှင့်
၎။ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာအခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း အတွက် (အမေရိကန်ဒေါ်လာ ၁၄၇,၈၉၂) တို့ဖြစ်ကြပါသည်။

ကျွန်းကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသည် ကျောင်းသူကျောင်းသားဦးရေများ တစ်နှစ်ထက်တစ်နှစ်တိုး လာပြီး စာသင်ခန်းများလုံလောက်မှုမရှိသောကြောင့် အသစ်ဝင်လာသော ကျောင်းသူကျောင်းသားများအားလုံးကို လက်ခံ နိုင်ခြင်းမရှိပါ။ ထို့အပြင် မတူညီသောအတန်းများမှ ကျောင်းသူကျောင်းသားများသည် စာသင်ခန်းတစ်ခန်းအတွင်း၌ ပညာ သင်ကြားရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရက စာသင်ခန်း(၄)ခန်း၊ ကျောင်းသုံးပရိဘောဂ အပြည့်အစုံနှင့် သန့်စင်ခန်းများပါဝင်သော တစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူ ကျောင်းသား(၂၄၃)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ကျိုက်ဒေးယုံကျေးရွာအုပ်စုလမ်းသည် ပဲခူးမြို့သို့သွားသောလမ်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့ ဆက်သွယ်နိုင် သောလမ်းဖြစ်ပါသည်။ ကျေးရွာသူကျေးရွာသားများသည် စိုက်ပျိုးရေးထွက်ကုန်များကို ဈေးကွက်သို့ပို့ဆောင်ခြင်း၊ လူနာ များကို ကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရန် ဆေးရုံသို့လွှဲပြောင်းပေးခြင်းနှင့် ကျောင်းသူကျောင်းသားများ အထက် တန်းပညာရေးကို သင်ကြားနိုင်ရန် ၄င်းလမ်းကိုအသုံးပြုကြရပါသည်။ သို့သော်လည်း ၄င်းလမ်းသည်မိုးရာသီတွင် ရွှံ့နွံထူ ထပ်သောလမ်းဖြစ်လာပြီး သွားလာရန်အလွန်ခက်ခဲပါသည်။ အလယ်တန်းကျောင်းပြီးဆုံးသည့်(၅၂%)သော ကျောင်းသူ ကျောင်းသားများသည် ကျောင်းသွားကျောင်းပြန်ချိန်(၄)နာရီကြာမြင့်သောကြောင့် အထက်တန်းကျောင်းပညာရေးကို ဆက်လက်တက်ရောက်နိုင်ခြင်းမရှိပါ။ ထို့အပြင် လွန်ခဲ့သောနှစ်တွင် ဆေးကုသမှုအချိန်မီမရရှိခဲ့သောကြောင့် အရေးပေါ် လူနာ(၆)ဦး သေဆုံးခဲ့ရပါသည်။ အဆိုပါအခက်အခဲများကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရက သေတ္တာပုံစံရေပြွန်(၆)ခုပါ သော (၄.၁၄ ကီလိုမီတာ) အရှည်ရှိသည့်လမ်း အဆင့်မြှင့်တင်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤ စီမံကိန်းကြောင့် ဒေသခံပြည်သူ(၇,၂၆၃)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ယခုလက်ရှိတွင် မဒေါ့ချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းကို ကျေးရွာ(၂ဝ)မှ ကျောင်းသူကျောင်းသားများ တက်ရောက်ကြပါသည်။ သို့သော်လည်း စာသင်ခန်းမလုံလောက်သောကြောင့် ကျောင်းသူကျောင်းသားပေါင်း(၇ဝ)ကျော် သည် စာသင်ခန်းတစ်ခန်းအတွင်း၌ ပညာသင်ကြားရပါသည်။ သင့်တင့်လျောက်ပတ်သော ပညာရေးပတ်ဝန်းကျင်တစ်ခု ကိုဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်း၊ ကျောင်းသုံးပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်းများပါဝင်သော နှစ်ထပ် သံကူကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံ ကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၅၉၅)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

သုံးခွကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်(၅)ဆောင်ရှိပါသည်။ သို့သော်လည်း ကျောင်းသူ ကျောင်းသားများအားလုံးကို ထိုကျောင်းဆောင်များတွင်ထားရှိရန်မလုံလောက်ပါ။ ထို့ကြောင့် ကျောင်းသူကျောင်းသား (၈ဝ)ဦးသည် ဆိုးရွားသော ရာသီဥတုဒဏ်ကိုရင်ဆိုင်၍ အကာအရံမရှိသော ခြေတံရှည် အဆောက်အအုံ၏အောက်တွင် ပညာသင်ကြားနေရပါသည်။ ထို့ပြင် ကျောင်းသူကျောင်းသား(၄၅)ဦးသည် ကျောင်းအနီးရှိဘာသာရေး အဆောက်အအုံ တွင် ပညာသင်ကြားရပါသည်။ သင့်တင့်လျောက်ပတ်သော ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်း (၁ဝ)ခန်းနှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ဆောက် လုပ်ရန်အတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့်ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်း သူကျောင်းသား(၈၉၉)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၂၄)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၉)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အ ဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၉)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက်အအုံ စီမံကိန်းပေါင်း(၅၂)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။