မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ လ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏ အသေး စားစီမံ ကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၆၃၁,ဝ၉၈) ကို ထောက်ပံ့မည်ဖြစ်ပြီး အဆိုပါ စီမံကိန်းများမှာ-
၁။ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၆၆,၆ဝ၇)၊
၂။ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၈၆,၄ဝဝ)၊
၃။ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ မရမ်းဂွကျေးရွာအခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၂၃,၂၂၂) နှင့်
၎။ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မြစ်ဝကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၅၄,၈၆၉) တို့ဖြစ်ကြပါသည်။
ပင်လုံအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် သမိုင်းဝင်ငြိမ်းချမ်း ရေး သဘောတူညီမှုရရှိထားသည့် နာမည်ကျော်ကြားသောပင်လုံမြို့တွင် တည်ရှိပါသည်။ ကျောင်းကို ၁၉၂၅ ခုနှစ်တွင် မူလတန်းကျောင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် အလယ်တန်းကျောင်းအဖြစ်လည်းကောင်း၊ ၁၉၈၂ ခုနှစ် တွင် အထက်တန်းကျောင်းအဖြစ်လည်းကောင်း အဆင့်တိုးမြှင့်ခဲ့ပါသည်။ သို့သော်လည်း ကျောင်းသူကျောင်းသားဦးရေ များပြားလာသောကြောင့် ကျောင်းသူကျောင်းသားများသည် ပြွတ်သိပ်ပြည့်ကျပ်သော စာသင်ခန်းများတွင် ပညာသင် ကြားနေရပါသည်။ သင့်တင့်လျောက်ပတ်သော ပညာရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် ဂျပန်အစိုးရက စာသင်ခန်း (၈)ခန်း၊ ကျောင်း သုံးပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ် ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်း သား (၂,၁၆၁)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
ပင်လုံအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများသည် ကျောင်းဆောင်ဟောင်းများ၏ သက်တောင့်သက်သာမရှိသော ကျောင်းပတ်ဝန်းကျင်တွင် ကျပ်ကျပ်တည်းတည်းပညာသင်ကြားရပါသည်။ အဆိုပါ အခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၁ဝ)ခန်း၊ ကျောင်းသုံးပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်းများ ပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁,၉၆၃)ဦး အကျိုး ခံစားရမည်ဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ မရမ်းဂွကျေးရွာကို အခြားမြို့များမှ ရေလမ်းခရီးဖြင့်သာ သွားလာနိုင်ပါသည်။ မရမ်းဂွကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများသည် အခန်းဖွဲ့ထားခြင်းမရှိသော စာသင်ဆောင်များ တွင် လေဒဏ်မိုးဒဏ်ခံကာ ခက်ခက်ခဲခဲပညာသင်ကြားကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင် တစ်ခုကိုဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်း၊ ကျောင်းသုံးပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန် ကရစ်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၃၈၂)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
မြစ်ဝကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲသည် ၂ဝ၁၆ ခုနှစ်တွင် အလယ်တန်းကျောင်းအဆင့်မှ တိုးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ အလယ်တန်းအဆင့် ၅ တန်းမှ ၈ တန်းအထိ ကျောင်းသူကျောင်းသားဦးရေမှာ စာသင်ခန်းတစ်ခန်းတွင် ၅ဝ ဦးနှင့်အထက် များပြားလာခဲ့ပါသည်။ သင့်တင့်လျောက်ပတ်သော ပညာရေးပတ်ဝန်းကျင်တစ်ခုကိုဖန်တီးရန် ဂျပန်အစိုးရ က စာသင်ခန်း(၈)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ် ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင် ကြားနေကြသော ကျောင်းသူကျောင်းသား(၆၆၇)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၂၈)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄ဝ၂)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အ ဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၉)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက်အအုံ စီမံကိန်းပေါင်း(၅၃)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။

No.100 Natmauk Road, Bahan Township, Yangon
01-549644~8