
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းငါးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေး စားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၆၇၂,၈၈၉) ကို ထောက်ပံ့ပေးသွားမည်ဖြစ် ပြီး အဆိုပါ စီမံကိန်းများမှာ-
၁။ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကုန်းဝိုင်းကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေးစီမံ ကိန်း (အမေရိကန်ဒေါ်လာ ၁၃၀,၅၀၆)၊
၂။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အမေရိကန် ဒေါ် ၁၇၁၈,၁၇)၊
၃။ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဘုရားကုန်း-ကော့တာဟိုးကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၀၁,၅၂၂) ၊
၎။ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ မြောက်ချောကုန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ် ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၀၅,၁၁၀)
၅။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဈေးသစ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန် ဒေါ်လာ ၁၆၃,၉၃၄)
ကုန်းဝိုင်းကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသည် ၂၀၀၄ခုနှစ် လေပြင်းတိုက်ခတ်သည့်အချိန်တွင် ကျောင်းဆောင်အပေါ်ထပ်ပျက်စီးခဲ့ပြီး ကျေးရွာပြည်သူများက ပြန်လည်ပြုပြင်ခဲ့ကြသည်။ ယခုအချိန်တွင် ၄င်းကျောင်း ဆောင်မှာယိုယွင်းပျက်စီးလာပြီး၊ ကျောင်းသူကျောင်းသားအရေအတွက် များပြားလာသောကြောင့်ကျေးရွာပြည်သူများ ထည့်ဝင်ငွေဖြင့် ယာယီကျောင်းဆာင်တစ်ဆောင်ကိုတည်ဆောက်ခဲ့ကြသည်။ ၄င်းယာယီကျောင်းဆောင်၏ စာသင်ခန်း နှစ်ခန်းတွင် အတန်းလေးတန်းရှိပြီး ကျောင်းသူကျောင်းသားများ ကျပ်တည်းစွာပညာသင်ကြားနေရပါသည်။ သင့်တင့်လျောက်ပတ်သော ပညာရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် ဂျပန်အစိုးရ၏ထောက်ပံ့မှုဖြင့် စာသင်ခန်း(၈) ခန်း၊ ကျောင်းသုံးပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင် ဆောက်လုပ်ပြီးစီးသွားချိန် တွင် ကျောင်းသူကျောင်း သား (၁၃၈)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
အထက်ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုတွင် ကျေးရွာ(၈)ရွာရှိပြီး၊ ကျေးရွာ(၅)ရွာတွင်မူလတန်းကျောင်းများသာရှိပါသည်။ ထို့ ကြောင့် အလယ်တန်းနှင့်အထက်တန်းပညာရေးကို ပဲခူးမြိ့ပေါ်ရှိကျောင်းများသို့သွားရောက်သင်ကြားကြရသည်။ မိုးတွင်း ကာလတွင် လမ်းများပျက်စီး၍ ရွှံ့နွံများထူထပ်သောကြောင့် ကျောင်းသူကျောင်းသားများသည် တစ်နေ့လျှင်(၄) နာရီခန့် လမ်းလျှောက်ကြရသည့်အတွက် ကျောင်းသူကျောင်းသား ၄၀ % ခန့်သည် အလယ်တန်းပညာရေးကို ဆက်လက်သင် ကြားနိုင်ခြင်းမရှိဘဲ ပညာရေးဆုံးခန်းတိုင်ခဲ့ကြရသည်။ ကျေးရွာသူကျေးရွာသားများသည် အရေးပေါ်လူနာများအတွက် ပဲခူးမြို့ရှိဆေးရုံကိုသာအားထားနေကြရပြီး မိုးတွင်းကာလများတွင် လူနာများကိုထမ်းပို့ရသည့်အတွက် တစ်ခါတစ်ရံ အချိန်မီဆေးကုသမှု မရရှိသည်များလည်းရှိခဲ့ပါသည်။ အဆိုပါ အခက်အခဲများကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရ၏ ထောက်ပံ့မှုဖြင့် တံတားငယ်(၁)ခု၊ သေတ္တာပုံစံ ရေ ပြွန်(၂)ခုပါသော (၄.၄၆ ကီလိုမီတာ)အရှည်ရှိသည့်လမ်းကို အဆင့် မြှင့်တင်ပြီးစီး သွားချိန်တွင် ဒေသခံပြည်သူ (၃,၂၃၇) ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
ဘုရားကုန်း-ကော့တာဟိုးကျေးရွာချင်းဆက်လမ်းသည် ပွင့်လင်းရာသီတွင် သွားလာနိုင်သောမြေသားလမ်းဖြစ်သော်လည်း မိုးတွင်းကာလများတွင် လမ်းများပျက်စီး၍ ရွှံ့နွံများထူထပ်သောကြောင့် သွားလာရန်အတွက် လွန်စွာခက်ခဲပါသည်။ မိုးတွင်းကာလတွင် ဆိုင်ကယ်များနှင့်ပင်သွားလာရန် လွန်စွာခက်ခဲပါသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် မိုးတွင်း ကာလစိုက်ပျိုးသီးနှံများကို အခြားဒေသများသို့ သယ်ယူပို့ဆောင်ရောင်းချနိုင်ခြင်းမရှိသည့်အတွက် မိသားစု ဝင်ငွေများဆုံးရှုံးကြရသည်။ အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရထောက်ပံ့မှုဖြင့် (၄.၈ ကီလိုမီတာ) အရှည်ရှိသည့်လမ်းကို အဆင့်မြှင့်တင်ပြီးစီးသွားချိန်တွင် ကျေးရွာ(၇)ရွာရှိ ဒေသခံပြည်သူ (၅,၄၃၂)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။
မြောက်ချောကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသူကျောင်းသားဦးရေ များပြားလာပြီး ကျောင်းဆောင်မလုံလောက်သည့်အပြင် ပင်မကျောင်းဆောင်သည် ယိုယွင်းပျက်စီးနေပြီး အခန်းများကန့်ထားခြင်း မရှိ သောကြောင့် သင်ယူသင်ကြားရေးတွင်အလွန်ခက်ခဲပါသည်။ တည်ဆောက်ထားသော ယာယီကျောင်းဆောင်မှာ ဓနိမိုး ထရံကာအဆောင်ဖြစ်သောကြောင့် ကျောင်းသူကျောင်းသားများဆိုးရွားသည့်ရာသီဥတုဒဏ်ကို ခံစားနေကြရသည်။ ရာသီ ဥတုအလွန်ဆိုးသည့်နေ့များတွင် ပင်မကျောင်းဆောင်နှင့်အခြားကျောင်းဆောင်တွင် အခြားအတန်းများနှင့်အတူ ခက်ခဲ ကျပ်တည်းစွာ ပညာသင်ကြားကြရပါသည်။ သင့်တင့်လျောက်ပတ်သော ပညာရေးပတ်ဝန်းကျင်တစ်ခုကိုဖန်တီးရန် ဂျပန်အစိုးရ၏ထောက်ပံ့မှုဖြင့် စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်က ရစ်ကျောင်းဆောင် ဆောက်လုပ်ပြီးစီးသွားချိန်တွင် ကျောင်းသူကျောင်းသား(၁၃၉)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။
ဈေးသစ်အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသူကျောင်းသားဦးရေများ စာသင်နှစ်တစ်နှစ်ထက်တစ်နှစ် များပြား လာသောကြောင့် ယာယီကျောင်းဆောင် (၃) ဆောင်ကို ၂၀၁၆-၁၇နှင့် ၂၀၁၇-၁၈ ပညာသင်နှစ်များတွင် တိုးချဲ့တည် ဆောက်၍ ပညာသင်ကြားနေကြရပါသည်။ ယာယီကျောင်းဆောင်များမှာ တာပေါ်လင်ကိုသာ အမိုးနှင့်အကာများ အ တွက်အသုံးပြုထားသောကြောင့် အပူအအေးမျှတမှုမရှိသော ယာယီကျောင်းဆောင်များတွင် ပညာသင်ကြားနေကြရပြီး ဆောင်းတွင်းကာလတွင်အပူချိန် ၁၀ စင်ဒီဂရိတ်အောက်ရှိ ကြမ်းတမ်းသည့်ရာသီဥတုဒဏ်ကိုရင်ဆိုင်၍ ပညာသင်ကြား နေကြရပါသည်။ သင့်တင့်လျောက်ပတ်သော ပညာရေးပတ်ဝန်းကျင်တစ်ခုကိုဖန်တီးရန် ဂျပန်အစိုးရ၏ထောက်ပံ့မှုဖြင့် စာသင်ခန်း(၈)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပြီးစီသွားချိန် တွင် ကျောင်းသူကျောင်း သား(၁,၂၀၈)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။ ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၃၃)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၀၆)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၉)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက်အ အုံ စီမံကိန်းပေါင်း(၅၄)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။