
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ (၅၄၄,၇၅၂) ကို အောက်ဖော်ပြပါစီမံကိန်းများအတွက် ထောက်ပံ့ပေးခဲ့ပါသည်။
၁) မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ပြင်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး
စီမံကိန်း အမေရိကန်ဒေါ်လာ (၁၂၅,၈၂၅)၊
၂) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကနန်ကျေးရွာ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်
ရေးစီမံကိန်း အမေရိကန်ဒေါ်လာ (၁ဝ၁,၈၅၅)၊
၃) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မင်းသမီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်
ရေးစီမံကိန်း အမေရိကန်ဒေါ်လာ (၁၄ဝ,၄၁၉)၊
၎) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ပွတ်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်
ရေးစီမံကိန်း အမေရိကန်ဒေါ်လာ (၈၂,၂ဝ၇) နှင့်
၅) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ အလှော်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေး
စီမံကိန်း အမေရိကန်ဒေါ်လာ (၉၄,၄၄၆) တို့ဖြစ်ကြပါသည်။
အထက်ဖော်ပြပါစီမံကိန်း(၅)ခုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရက ဂျပန်နိုင်ငံအစိုးရသို့ ရေဘေးဒဏ်ခံခဲ့ရသော ကျောင်းပေါင်း(၄၉၃) ကျောင်းထဲမှ စာသင်ကျောင်းများအပါအဝင် ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပါသည်။
အထက်ပါစီမံကိန်း(၅)ခု၏လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၃၊ ၁၄ နှင့် ၁၅ ရက်နေ့များ တွင် ဂန့်ဂေါနှင့်တမူးမြို့နယ်များ၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ တတိယအတွင်းဝန် Ms. Ayano SUZUKI ၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်၊ မကွေး တိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆောက်လုပ် ရေးစီမံကိန်းများမှ ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ပြင်သာကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သည် မြစ်သာမြစ်ကမ်းပေါ်တွင်တည်ရှိသောကြောင့် စာသင် ကျောင်းသည် ရေကြီးမှုဒဏ်ကို ကာလကြာရှည်စွာရင်ဆိုင်ခဲ့ရပါသည်။ ၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော ရေ ကြီးမှုကြောင့် ကြီးမားသောမြေပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး တစ်ခုတည်းသော စာသင်ကျောင်းဆောင်မှာ ဆိုးရွားစွာပျက်စီးခဲ့ သဖြင့် စာသင်ကျောင်းကို ပို၍မြင့်မားသောကုန်းမြေမြင့်တစ်ခုပေါ်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။ စာသင်ကျောင်းအဆောက် အအုံမရှိသောကြောင့် ဝါးဖြင့်ပြုလုပ်ထားသော ယာယီကျောင်းဆောင်များထဲတွင် ကျောင်းသူကျောင်းသားများအားလုံး ပညာသင်ကြားခဲ့ရပါသည်။ ကောင်းမွန်လုံခြုံသော ကျောင်းပတ်ဝန်းကျင်တစ်ခုဖန်တီးပေးရန် ဂျပန်အစိုးရက စာသင်ခန်း (၁ဝ)ခန်း၊ ကျောင်းပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်းများပါဝင်သော နှစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင်တစ် ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိကျောင်းသူကျောင်းသား(၁၅၇)ဦး အကျိုးခံစားရမည်ဖြစ် ပါသည်။
ကနန်ကျေးရွာရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းဆောင်မှာ ၂ဝ၁၅ ခုနှစ်ရေကြီးမှုဒဏ်ကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီး စာသင်ကျောင်းကို ပို၍မြင့်မားသောကုန်းမြေမြင့်တစ်ခုပေါ်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။ ကျောင်းဆောင် သစ် တည်ဆောက်ခဲ့သော်လည်း စာသင်ခန်းအရေအတွက်မှာ လုံလောက်မှုမရှိခဲ့ပါ။ ထို့ကြောင့် ကျောင်းသူကျောင်းသား ဦးရေ(၁ဝဝ)ကျော်သည် ယာယီကျောင်းဆောင်တစ်ဆောင်တွင် ပညာသင်ကြားခဲ့ရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်ကောင်းတစ်ခုကို ထောက်ပံ့ပေးရန် ဂျပန်အစိုးရကစာသင်ခန်း(၆)ခန်းနှင့် ကျောင်းပရိဘောဂအပြည့် အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်း ရှိကျောင်းသူကျောင်းသား(၂၅၆)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
မင်းသမီးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းဆောင်(၄)ဆောင်သည် ၂ဝ၁၅ ဇူလိုင်လတွင် ရေ (၁၂)ပေအထိမြင့်တက်ခဲ့သော ရေဘေးဒဏ်ကြောင့် ရေနစ်မြုပ်ခဲ့ရပြီး ၄င်းကျောင်းဆောင်များ ပြိုကျပျက်စီးလုနီးပါးဖြစ် ခဲ့ရပါသည်။ ကျောင်းဆောင်မရှိသောကြောင့် ကျောင်းသူကျောင်းသား(၁၇ဝ)ဦးသည် လေဒဏ်မိုးဒဏ်ထိတွေ့ခံစားရ သော ယာယီကျောင်းဆောင်တစ်ဆောင်အတွင်း၌ ပညာသင်ကြားခဲ့ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန် အစိုးရက စာသင်ခန်း(၈)ခန်း၊ ကျောင်းပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်းများပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိကျောင်းသူကျောင်းသား(၃၂၆)ဦးနှင့် ဆရာဆရာမ(၉)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
ပွတ်သာကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းဆောင်(၂)ဆောင်သည် ၂ဝ၁၅ ခုနှစ်တွင် (၁၅)ပေ အထိ မြင့်တက်ခဲ့သော ရေဘေးဒဏ်ကြောင့် လုံးဝပျက်စီးခဲ့ရပါသည်။ စာသင်ခန်းအရေအတွက် မလုံလောက်သော ကြောင့် ၅ တန်း ကျောင်းသူကျောင်းသားများသည် ခန်းဖွဲ့များမရှိသော ဝန်ထမ်းအိမ်ရာတစ်လုံးတွင် ပညာသင်ကြားခဲ့ရ ပါသည်။ ကောင်းမွန်လုံခြုံသော ကျောင်းပတ်ဝန်းကျင်တစ်ခုဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်း(၄)ခန်းနှင့် ကျောင်း ပရိဘောဂအပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံ ကိန်းကြောင့် ကျောင်းရှိကျောင်းသူကျောင်းသား(၁၃ဝ)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
အလှော်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းသည် ၂ဝ၁၅ ခုနှစ် ရေဘေးဒဏ်ခံစားရသဖြင့် ပို၍မြင့်မားသော ကုန်း မြေမြင့်တစ်ခုပေါ်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။ ကျောင်းဆောင်သစ်များဆောက်လုပ်ခဲ့သော်လည်း စာသင်ခန်းအရေအ တွက်မှာ လုံလောက်မှုမရှိခဲ့ပါ။ ထို့ကြောင့် ၃ တန်း ကျောင်းသူကျောင်းသားများသည် ဝန်ထမ်းအိမ်ရာတစ်လုံးတွင် ပညာ သင်ကြားခဲ့ရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာရန် ဂျပန်အစိုးရက စာသင် ခန်း(၄)ခန်းနှင့် ကျောင်းပရိဘောဂအပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက် ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိကျောင်းသူကျောင်းသား(၉၄)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ထို့အတူဂျပန်နိုင်ငံသည် ပြီးခဲ့သောဘေး အန္တရာယ်များမှ သင်ခန်းစာများရယူကာ “ပိုမိုကောင်းမွန်အောင်ပြန်လည်တည်ဆောက်ခြင်း” ဆိုသော အယူအဆကို တစ် ကမ္ဘာလုံး၌ပျံ့နှံ့သွားစေရန် မိတ်ဆက်ခဲ့ပါသည်။ “ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ခြင်း” ဆိုသည်မှာ သ ဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများလျှော့ချနိုင်ရန် သဘာဝဘေးအန္တရာယ်မဖြစ် ပွားမီအချိန်ကထက် လူမှုအဖွဲ့အစည်းကို ပိုမိုခိုင်မာကောင်းမွန်လာအောင် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပါသည်။ ဤအတွေးအခေါ်အပေါ်အခြေခံ၍ ဂျပန်အစိုးရအနေဖြင့် ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းအဆောက်အအုံအသစ်များကို ရေကြီးစဉ်ကာလကထိခိုက်ပျက်စီးခဲ့ရသော ကျောင်းအဆောက်အအုံထက် ပိုမို တောင့်တင်းခိုင်မာအောင် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၃၃)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄ဝ၆)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၉)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၄)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။