ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မကွေးတိုင်းဒေသကြီးတွင် စာသင်ကျောင်းငါးကျောင်းဆောက်လုပ်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၄၈၂,၃၉၈ ထောက်ပံ့မှု
၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၉ ) ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံးမှ သံမှူး Ms. Tomoko YOSHIHIRO နှင့် တိုင်းဒေသကြီးမှ ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းငါးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေး စားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၄၈၂,၃၉၈) ကို ထောက်ပံ့ပေးသွားမည်ဖြစ် ပြီး အဆိုပါ စီမံကိန်းများမှာ-

၁။ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံ ကိန်း (အမေရိကန်ဒေါ်လာ ၈၆,၈၃၇)၊
၂။ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကုလားကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံ ကိန်း (အမေရိကန်ဒေါ်လာ ၈၈,ဝ၃၈)၊
၃။ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း ဆောက် လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁ဝဝ,၃၈ဝ)၊
၎။ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မှန်ရင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၂၂,၄၃၈) နှင့်
၅။ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဗြန်ဒီကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံ ကိန်း (အမေရိကန် ဒေါ်လာ ၈၄,၇ဝ၅)။

ရွာသစ်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆောင်နှစ်ဆောင်ရှိပါသည်။ သို့သော်လည်း ကျောင်းသူကျောင်းသားများအားလုံးအတွက် လုံလောက်မှုမရှိပါ။ ထို့ကြောင့် ကျောင်းသူကျောင်းသားပေါင်း(၈ဝ)ကျော် သည် ဝါးဖြင့်ဆောက်လုပ်ထားသော ယာယီကျောင်းဆောင်တစ်ဆောင်တွင် ပညာသင်ကြားနေရပါသည်။ သင့်တင့် လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုကိုဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်း(၄)ခန်း၊ ကျောင်းသုံးပရိဘောဂ အပြည့်အစုံနှင့် သန့်စင်ခန်းများပါဝင်သော တစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူ ကျောင်းသား(၂ဝ၂)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ကုလားကုန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းသည် ၂ဝ၁၅ ခုနှစ် ရေကြီးမှုဒဏ်ခံခဲ့ရပါသည်။ ကျောင်းသူ ကျောင်းသား(၆၆)ဦးသည် ကျောင်းဆောင်မရှိသောကြောင့် ယိုယွင်းပျက်စီးနေသော အဆောက်အဦးတွင် ပညာသင် ကြားခဲ့ရပါသည်။ ထို့ပြင် မူကြိုကျောင်းသူကျောင်းသားများသည် သွပ်ပြားများမိုးထားသော ယာယီတဲတစ်ခုအတွင်းတွင် ပညာသင်ကြားရပါသည်။ ကောင်းမွန်ပြည့်စုံသော ကျောင်းပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်း (၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင် တစ်ဆောင် ဆောက် လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁၃၉)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းရှိကျောင်းဆောင်မှာ ၂ဝ၁၅ ခုနှစ် ရေကြီးမှုဒဏ်ကြောင့် တချို့တဝက်ပျက်စီးခဲ့ ရပါသည်။ စာသင်ခန်းအရေအတွက်မလုံလောက်သောကြောင့် ကျောင်းသူကျောင်းသားအများစုသည် ခန်းဖွဲ့ထားခြင်းမရှိ သော စာသင်ခန်းများတွင် ကျပ်ကျပ်တည်းတည်း ပညာသင်ကြားခဲ့ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန် အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာ သင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၇၃)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

မှန်ရင်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းသည် ကျောင်းဆောင်မရှိသောအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရပါ သည်။ ကျေးရွာသူရွာသားများမှ ပျက်စီးလွယ်သောဆောက်လုပ်ရေးပစ္စည်းများဖြင့် ယာယီကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ခဲ့သော်လည်း စာသင်ခန်းအရေအတွက်မှာ ကျောင်းသူကျောင်းသားအားလုံး ထားရှိရန်မလုံလောက်ပါ။ ထို့ကြောင့် အတန်းလေးတန်းမှ ကျောင်းသူကျောင်းသားများသည် အနီးရှိဘုန်ကြီးကျောင်းတစ်ကျောင်းတွင် ပညာ သင်ကြားနေရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုကိုဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်း (၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင် တစ်ဆောင် ဆောက် လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား (၁၈၃)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ဗြန်ဒီကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ကျောင်းဆောင်မှာ ဆိုးရွားစွာပျက်စီးနေပါသည်။ သို့သော်လည်း အတန်းငါးတန်းမှ ကျောင်းသူကျောင်းသားများသည် ကျောင်းဆောင်မရှိသောကြောင့် အဆိုပါ ပျက်စီးပြီးအန္တရာယ်ရှိသော အခြေအနေတွင် ပညာသင်ကြားနေရပါသည်။ လုံခြုံစိတ်ချရသော ကျောင်းပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးရန် ဂျပန် အစိုးရက စာသင်ခန်း(၄)ခန်း၊ ကျောင်းသုံးပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်းများပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင် ကြားနေကြသော ကျောင်းသူကျောင်းသား(၁ဝ၃)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၃၈)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၁၁)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၉)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက်အ အုံ စီမံကိန်းပေါင်း(၅၄)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။