
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ပိုမိုအားကောင်းလာစေရေး စီမံကိန်း” အတွက် ဂျပန်နိုင်ငံ Shiga Prefecture ရှိ ဒေသခံအစိုးရက Japan-Myanmar Association for Culture & Economic Exchange (JMACE) မှတစ်ဆင့် လှူဒါန်းသော မီးသတ်ယာဉ်(၄)စီး သယ်ယူပို့ ဆောင်ရေး စရိတ်အတွက် အမေရိကန်ဒေါ်လာ (၁၈,၃၆၉)ကို ထောက်ပံ့ပေးခဲ့ပါသည်။
အဆိုပါ မီးသတ်ယာဉ်(၄)စီး လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး သံမှူး Ms. Tomoko YOSHIHIRO ၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုး နှင့် Japan-Myanmar Association for Culture & Economic Exchange (JMACE) ဥက္ကဋ္ဌ Mr. Satoshi IHATA တို့တက် ရောက်ခဲ့ကြပါသည်။
ဤစီမံကိန်းကြောင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင် ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနသည် မီးသတ်ယာဉ်များကို အသုံးပြုပြီး ဘေးအန္တရာယ် ကျရောက်သောအခါများတွင် အန္တရာယ်ကို ပိုမိုမြန်ဆန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ မြန်မာ နိုင်ငံ၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် အများပြည်သူအတွက် လုံခြုံစိတ်ချရသောလူနေမှုဘဝကို ဖန်တီးတည်ဆောက်ရာ တွင် များစွာအထောက်အကူပြုစေမည်ဟု ယုံကြည်မျှော်လင့်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၃၃)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄ဝ၆)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၉)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၅၄)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤ အထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။