မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘဏ်လုပ်ငန်းကဏ္ဍအတွက် ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမူဘောင်နှင့်ပတ်သက်သည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း
၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်

၁။ ယနေ့ ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM: Central Bank of Myanmar) နှင့် ဘဏ်လုပ်ငန်းကဏ္ဍအတွက် ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမူဘောင်နှင့်ပတ်သက်သည့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။

၂။ ဤနားလည်မှုစာချွန်လွှာသည် ငွေရေးကြေးရေးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြီးပြည့်စုံသော ငွေရေးကြေးရေးဆိုင်ရာစည်းမျဉ်းမူဘောင်တည်ဆောက်ခြင်းမှာ ဂျပန်-မြန်မာနှစ်နိုင်ငံလုံးအတွက် အကျိုးရှိသည့်အရာဟု နားလည်သဘောပေါက်ပြီး ဘဏ်လုပ်ငန်းကဏ္ဍအတွက် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ရှေ့ဆက်ဆောင်ရွက်သွားရန်အတွက်ဖြစ်ပါသည်။

၃။ ဤစာချွန်လွှာလက်မှတ်ရေးထိုးခြင်းဖြင့် အထူးသဖြင့် နိုင်ငံခြားဘဏ်များနှင့်ဘဏ္ဍာရေးဆိုင်ရာ ကုမ္ပဏီများသို့ကြီးကြပ်ခြင်း၊စိစစ်ခြင်းစသည်တို့နှင့်ပတ်သက်သည့် အသိပညာ၊ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို လူအချင်းချင်းကူးလူးဆက်နွယ်မှု၊သင်တန်းအစီအစဉ်များမှတစ်ဆင့် နှစ်နိုင်ငံ တာဝန်ခံဌာနများအကြား မျှဝေနိုင်ရန်နှင့် မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။

Japan Financial Services Agency (JFSA) ဝက်ဘ်ဆိုဒ်သို့