
“ဂျပန်မြန်မာပွဲတော်၂၀၁၇” ကျင်းပခြင်း

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် “ဂျပန်မြန်မာပွဲတော်၂၀၁၇”ကို NHK၏ ပါဝင်ပူးပေါင်းမှုဖြင့် ဖေဖော်ဝါရီလ ၄ရက်နေ့(စနေနေ့) တွင် ရွှေထွဋ်တင် ( Skystar Hotel ရှေ့ရှိ ကွင်းပြင်) တွင် ကျင်းပ သွား
မည်ဖြစ်ပါသည်။ ယခင်နှစ်ပွဲတော် (၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ) တွင် လူပေါင်း တစ်သောင်း ခုနှစ်ထောင်ကျော် ရှိခဲ့ပြီး၊ ထိုနေ့ ၏ စိတ်အား ထက်သန်ဖွယ် ခံစားချက်အချို့မှာ အများ၏ စိတ်ဝယ်၌ စွဲထင် ကျန်ရစ် နေကြဦးမည်ဟု ထင်မြင်မိပါသည်။
ယခုနှစ်တွင်လည်း မနှစ်က ပွဲတော်အတိုင်း Hirahara Ayaka နှင့် နီနီခင်ဇော်တို့၏ ပူးပေါင်း တင်ဆက်မှု အစရှိသည့် ဂျပန်နှင့် မြန်မာမှ နာမည်ကျော် အဆိုတော်များ၏ ဖျော်ဖြေ တင်ဆက်မှုများ၊
ဂျပန် လုပ်ငန်းများ၏ ပြခန်းငယ်များ၊ ဂျပန် စားသောက်ဆိုင်များ ခင်းကျင်းထားမည် ဖြစ်ပြီး ၊ ယခင်ထက် ပိုမို ခမ်းနား ကြီးကျယ်သော ပွဲတော်ကို စီစဉ် ဖန်တီးထားပါသည်။
ဝင်ကြေးအခမဲ့ ဖြစ်ပြီး၊ မည်သူမဆို ပျော်ရွှင်စွာ ဆင်နွှဲနိုင်သော ပွဲတော်ဖြစ်ပါသည်။
မိသားစု၊ သူငယ်ချင်းများနှင့်အတူ လာရောက် ကြည့်ရှု အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
၁။ စီစဉ်ကျင်းပမည့်အဖွဲ့ အစည်း
ဂျပန် - မြန်မာပွဲတော် ကျင်းပရေးကော်မတီ ( မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံရှိ ဂျပန် ကုန်သည်ကြီးများ အသင်း၊ ရန်ကုန် ဂျပန်လူမျိုးများ အသင်း၊ NKH, NHK Enterprises , Japan International Broadcasting Inc. နှင့် ရွှေသံလွင်မီဒီယာ MNTV )
၂။ပွဲကျင်းပမည့်နေရာ
Skystar ဟိုတယ် ရှေ့ရှိ ရွှေထွဋ်တင် ၀င်းအတွင်း (၅၁ ဘီ /၁၊အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့ နယ်)

၃။ပွဲကျင်းပမည့်အချိန်
၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ ၄ရက် (စနေနေ့ )
နေ့ လည် ၁၂နာရီ တွင် စတင်ဝင်ရောက်နိုင်ပါသည်။
နေ့လည် ၂နာရီခွဲတွင် နေ့လည်ခင်း ဖျော်ဖြေမှုများ စတင်မည် ဖြစ်ပြီး၊ ညနေ ၆နာရီတွင် ညပိုင်း စတိတ်စင် ဖျော်ဖြေရေး အစီအစဉ်များကို စတင်ပါမည်။
၎။ အခြား
အသေးစိတ် သိရှိလိုပါက ဂျပန်မြန်မာပွဲတော် ၏အောက်ပါ page ၌ ကြည့်ရှုနိုင်ပါသည်။
http://www.facebook.com/jmpt2017/