
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် ကချင်နှင့်ရခိုင်ပြည်နယ်များမှ ဆောက်လုပ်ရေးကော်မတီဥက္ကဌတို့သည် စီမံကိန်းသုံးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည်၎င်း၏အသေးစား စီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်းအမေရိကန်ဒေါ်လာ (၃၀၃,၉၅၆)ကို ပံ့ပိုးပေးမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းများမှာ-
၁. ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ (၁၁၇,၇၆၉)၊
၂. ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ကျေးရွာအမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၄၈,၅၃၄) နှင့်
၃. ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အုန်းတောချောင်ကျေးရွာဘုန်းတော်ကြီးသင်မူလတန်းကျောင်းဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၃၇,၆၅၃) တို့ဖြစ်ကြပါသည်။
အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းဝင်းတွင် စာသင်ကျောင်းဆောင်ရှစ်ဆောင်ရှိသော်လည်း များပြားလာ သောကျောင်းသား/သူများကို နေရာချထားမပေးနိုင်ပါ။ လက်ရှိအချိန်တွင် ကျောင်းသား/သူများသည် ကျဉ်းကျပ်စွာ စာသင်ကြားနေခဲ့ရပြီး အခြားအခန်းများမှဆူညံသံများကြောင့် စာသင်ကြားမှုတွင်အာရုံစိုက်ရန် အနှောင့်အယှက်များ ဖြစ်ခဲ့ပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၈ ခန်းနှင့်ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်ဆောက်လုပ်ရန် ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၁,၈၄၀ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
ရွှေစက်ကျေးရွာ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းသည် ၎င်း၏သက်တမ်းကြာမြင့်နေသောကျောင်း ဆောင်များကိုထိန်းသိမ်းရန်နှင့် အသစ်ဝင်လာသောကျောင်းသား/သူများကို လုံခြုံသောနေရာချပေးရန်စသည့် အခက်အခဲများကိုနှစ်ပေါင်းများခံစားနေရပါသည်။ မည်မျှပင်ကြိုးစားအားထုတ်စေကာမူ အချို့သောကျောင်း သား/သူများမှာ အသုံးပြုပြီးသားသစ်နှင့်ဝါးဖြင့်ဆောက်လုပ်ထားသောယာယီနေရာများတွင် စာသင်ကြားနေရဆဲဖြစ် ပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၄ ခန်းနှင့်ကျောင်းသုံးပရိဘောဂအပြည့် အစုံပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့်သန့်စင်ခန်းဆောက်လုပ်ရန် ပံ့ပိုးပေးမည်ဖြစ် ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၂၁၄ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
အုန်းတောချောင်ကျေးရွာ၊ ဘုန်းတော်ကြီးသင်မူလတန်းကျောင်းသည် ၁၉၉၃ခုနှစ်တွင်စတင်ဆောက်လုပ်ခဲ့ပြီး ကျောင်းဆောင်မှာဆိုးဆိုးရွားရွားပျက်စီးလာခဲ့သည့်အပြင် ကျောင်းသား/သူများအတွက်နေရာအလုံအလောက် လည်းမရှိခဲ့ပါ။ အကျိုးဆက်အနေနှင့် အချို့ကျောင်းသား/သူများသည် ကျောင်းသုံးပရိဘောဂအပြည့်အစုံမရှိသော ဘုန်းကြီးကျောင်းဆောင်များတွင်လည်းကောင်း၊ အချို့မှာခြေတံရှည်ကျောင်းဆောင်များအောက်တွင် စာသင်ကြား ကြရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၈ ခန်းနှင့်ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့်သန့်စင်ခန်းဆောက်လုပ်ရန် ပံ့ပိုးပေး မည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၂၇၆ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၀၈)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၄)ခု၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၄၃)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |