ဂျပန်နိုင်ငံမှ မကွေးတိုင်းဒေသကြီးတွင် ရေဘေးသင့်စာသင်ကျောင်းနှစ်ဆောင်နှင့်ရေသွယ်ယူရေးလုပ်ငန်းတစ်ခုအတွက်ပံ့ပိုးပေးခြင်း
၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၃) ရက်

စီမံကိန်းသုံးခု၏ လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၂) နှင့် (၃)ရက်များတွင် ပွင့်ဖြူ၊ ပခုက္ကူ နှင့်မြိုင်မြို့နယ်အသီးသီးတွင် ကျင်းပခဲ့ပါသည်။

၁) မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဆည်တော်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၅၁,၂၀၁)၊
၂) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စာသင်ကျောင်းနှစ်ကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ(၁၉၆,၁၁၄) နှင့်
၃) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ရွာသစ်ကျေးရွာရေသွယ်ယူရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ (၁၂၁,၇၃၀) တို့ဖြစ်ကြပါသည်။

လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကျင်းပသော ၁ နှင့် ၂ တို့သည် မြန်မာနိုင်ငံအစိုးရမှဂျပန်နိုင်ငံအစိုးရသို့ စာသင် ကျောင်းများပြန်လည်တည်ဆောက်ရန်နှင့် ပြုပြင်ရန်တောင်းဆိုထားသော ရေဘေးသင့်စာသင်ကျောင်း ၄၉၃ ကျောင်းတွင် အပါအ၀င်ဖြစ်ပါသည်။

အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှဒုတိယအတွင်းဝန် Ms. Yukiko OZEKI ၊ ဦးထွန်းထွန်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ ပွင့်ဖြူမြို့နယ်၊ ဦးပိုက်ကို ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ ပခုက္ကူမြို့နယ်၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြ ပါသည်။

၁) ဆည်တော်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲမှကျောင်းဆောင်များသည် ၂၀၁၅ခုနှစ်၊ ဇူလိုင်လ တွင်ဖြစ်ပွားခဲ့သောရေဘေးတွင် ရေလွှမ်းမိုးခံခဲ့ရပြီး ကျောင်းနှင့်ပရိဘောဂများ ဆိုးရွားစွာပျက်စီးသွားခဲ့ပါသည်။ ကျောင်းဆောင်သစ်ဆောက်လုပ်ရန်မတတ်နိုင်သဖြင့် ကျောင်းသား/သူများသည် ကျောင်းနှင့်အလှမ်းဝေးသော ဘုန်းတော်ကြီးကျောင်းတွင် စာသင်ကြားခဲ့ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၃ခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေး ခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၂၀၃ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။

၂) ဆုံကုန်းမြို့၊အမှတ်(၁၄)မူလတန်းလွန်ကျောင်းမှကျောင်းဆောင်များသည် သက်တမ်းကြာမြင့်စွာအသုံးပြုခဲ့ သဖြင့် အသုံးပြုရန်မသင့်လျော်တော့ဘဲ ကျောင်းဆောင်နံရံများတွင်အပေါက်လေးများဖြစ်ပေါ်နေခဲ့သဖြင့် ကျောင်း သား/သူများလေဒဏ်၊မိုးဒဏ်ကို အလွယ်တကူခံခဲ့ရပါသည်။ အလားတူပင် ရှားတောကျေးရွာအမှတ်(၅၅) အခြေခံပညာမူလတန်းကျောင်းဆောင်များသည် ရေဘေးဒဏ်ကိုအဆက်မပြတ်ခံခဲ့ရပြီး ဟောင်းနွမ်းနေခဲ့သဖြင့် အသုံးမပြုတော့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသား/သူများသည် အနီးဆုံးကျေး လက်ကျန်းမာရေးဆေးပေးခန်းတွင် ယာယီစာသင်ခဲ့ကြသော်လည်း နေရာမလုံလောက်သည့်အပြင် ပရိဘောဂ အပြည့်အစုံလည်းမရှိခဲ့ပါ။

အဆိုပါအခက်အခဲများကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ ဆုံကုန်းမြို့အမှတ်.၁၄ မူလတန်းလွန်ကျောင်းအတွက် စာသင်ခန်း ၆ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ပရိဘောဂအပြည့်အစုံနှင့်သန့်စင်ခန်း များ၊ ရှားတောကျေးရွာအမှတ်.၅၅ အခြေခံပညာမူလတန်းကျောင်းအတွက် စာသင်ခန်း၅ခန်းပါဝင်သော သံကူကွန် ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ကျောင်းသုံးပရိဘောဂအပြည့်အစုံနှင့် လျှောက်လမ်းများအတွက် ပံ့ပိုးပေးခဲ့ ပါသည်။ စီမံကိန်းသည် ကျောင်းနှစ်ကျောင်းရှိကျောင်းသား/သူ ၆၂၂ဦးကို အကျိုးခံစားစေမည်ဖြစ်ပြီး ဒေသတွင်းတွင် သဘာဝဘေးဒဏ်ခံနိုင်စွမ်းအား တိုးလာစေမည်ဖြစ်သည်။

၃) ရွာသစ်ကျေးရွာတွင် ရေအလုံအလောက်မရှိသဖြင့် ဒေသခံများ ၎င်းတို့၏နေထိုင်ရေး၊ စိုက်ပျိုးရေးနှင့်အိမ်မွေး တိရစ္ဆာန်လေးများအတွက်ရေစုဆောင်းရန် အခက်အခဲများစွာကြုံခဲ့ရပါသည်။ အဆိုပါအခြေအနေမှတိုးတက်စေရန် ဂျပန်နိုင်ငံအစိုးရမှ ရေကန်ငယ်တစ်ကန်၊ ရေစုကန် ၆ ကန်၊ ရေစုပ်စက်နှင့်ရေသွယ်ယူရေးပိုက်များ၊ လူဝင်ပေါက် ၁၀ ပေါက်၊ နေရောင်ခြည်သုံးမီးစက်တစ်လုံး၊ ခြံကာခြင်းနှင့် ဆိုင်းဘုတ်တစ်ခုအတွက်ပါ ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ရွာသစ်ကျေးရွာဒေသခံ ၇၃၅ဦးတို့၏ ရေနှင့်ကျန်းမာသန့်ရှင်းရေးပတ်ဝန်းကျင်ကို ပိုမိုတိုးတက်လာစေမည်ဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၀၈)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၄)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၄၃)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။