ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ချင်း၊ ရခိုင်နှင့် ကချင်ပြည်နယ်တို့တွင် စာသင်ကျောင်းငါးကျောင်းဆောက်လုပ်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၈၃ဝ,၉၁၃ ထောက်ပံ့မှု
၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ သံအမတ်ကြီး Mr. Tateshi HIGUCHI နှင့် ချင်း၊ ရခိုင်နှင့် ကချင်ပြည်နယ်တို့မှ ဆောက် လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းငါးခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၈၃ဝ,၉၁၃) ကို ထောက်ပံ့ပေး သွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-

၁။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မာကြားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၈၁,ဝ၂၄)၊
၂။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၇၃,၉၂၃)၊
၃။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရွာမအခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၃၁,၈၃၆)၊
၎။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၂ဝ၂,၇ဝ၅) နှင့်
၅။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၄၁,၄၂၅) တို့ဖြစ်ကြပါသည်။

မာကြားကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆောင်(၂)ဆောင်ရှိပါသည်။ သို့သော်လည်း အဆိုပါ ကျောင်းဆောင်များမှာ ကျောင်းသူကျောင်းသားများအားလုံး တက်ရောက်ပညာသင်ကြားရန် နေရာမပေးနိုင်၍ ပထမ တန်းမှသတ္တမတန်း ကျောင်းသူကျောင်းသားများသည် ခန်းဖွဲ့မရှိသောစာသင်ခန်းတစ်ခုအတွင်း၌ ပညာသင်ကြားနေရပါ သည်။ ထို့ပြင် အဋ္ဌမတန်းကျောင်းသူကျောင်းသားများသည် ရွာသူရွာသားများမှ ငှားရမ်းပေးထားသည့် နေအိမ်တစ်ခုအ တွင်း၌ ပညာသင်ကြားနေရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုကိုဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်း(၈)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေ ကြသော ကျောင်းသူကျောင်းသား(၁၉၈)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ကျားနင်းကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသူကျောင်းသားများ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာသောကြောင့် လက်ရှိကျောင်းဆောင်၌ တိုးချဲ့ဆောင်တစ်ဆောင် ဆောက်လုပ်ခဲ့ရပါသည်။ သို့သော်လည်း စာ သင်ခန်းအရေအတွက် မလုံလောက်သောကြောင့် ကျောင်းသူကျောင်းသားများမှာ ခန်းဖွဲ့မရှိသော စာသင်ခန်းတစ်ခန်းအ တွင်း၌ ပညာသင်ကြားနေရပါသည်။ အဆိုပါ အခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၁ဝ)ခန်းနှင့် ကျောင်း သုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်း သား(၇ဝဝ)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

တပ်ကုန်းရွာမအခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းဆောင်တစ်ဆောင်သည် ခန်းဖွဲ့မရှိသော စာသင်ခန်းများ ဖြစ်ပါသည်။ ထို့ကြောင့် ထိုနေရာ၌ပင် ကျောင်းသူကျောင်းသား(၂၅ဝ)ကျော်သည် ၄င်းတို့၏ကျောင်းသင်ခန်းစာများကို ခက်ခဲစွာအာရုံစူးစိုက် သင်ကြားနေရပါသည်။ အခြားကျောင်းဆောင်များတွင်လည်း စာသင်ခန်းတစ်ခန်းအတွင်း၌ ကျောင်း သူကျောင်းသား(၅ဝ)ကျော် ပညာသင်ကြားကြရပါသည်။ အဆိုပါ အခက်အခဲများကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင် ခန်း(၈)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင် တစ်ဆောင်ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာ သင်ကြားနေကြသော ကျောင်းသူကျောင်းသား(၅၆၄)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်(၈)ဆောင်ရှိသည့်အနက် ကျောင်းဆောင်(၅)ဆောင် မှာ ၁၉၄၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဆိုးရွားစွာဆွေးမြေ့ပျက်စီးလျက်ရှိပါသည်။ သင့်တော်သော ကျောင်းဆောင်မရှိ သောကြောင့် ပညာရေးဝန်ကြီးဌာနသို့ ဖျက်သိမ်းခွင့်တင်ပြထားသော အဆိုပါကျောင်းဆောင်များအတွင်းတွင် ကျောင်း သူကျောင်းသားများသည် ပညာသင်ကြားကြရပါသည်။ ကောင်းမွန်လုံခြုံသော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၁ဝ)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်း ဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁,၂ဝ၂)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းဆောင်တစ်ဆောင်ကို ပျက်စီးလွယ်သောပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့ပါသည်။ နံရံများပေါ်တွင်အပေါက်များနှင့် ဆွေးမြေ့နေသောတိုင်များရှိသော်လည်း ကျောင်းသူကျောင်းသား များသည် သင့်တော်သောစာသင်ခန်းများမရှိသောကြောင့် အဆိုပါကျောင်းဆောင်တွင် ပညာသင်ကြားကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်း(၈)ခန်းနှင့် ကျောင်းသုံးပရိ ဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား (၃၃၅)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။ ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၅၁)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၂၂)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက်အ အုံ စီမံကိန်းပေါင်း(၅၄)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။