ဂျပန်ဘာသာသင် ဆရာ၊ဆရာမများ အလုပ်ရုံဆွေးနွေးပွဲမိတ်ဆက်
(ရန်ကုန်မြို့နှင့် မန္တလေးမြို့)
ဂျပန် ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ပူးပေါင်းမှုနှင့်အတူ ဂျပန်ဘာသာသင် ဆရာ၊ ဆရာမများ၏ အရည်အချင်းများ တိုးတက်စေရန် မြန်မာနိုင်ငံ ဂျပန်ဘာသာသင် ဆရာ၊ ဆရာမများ၏ အလုပ်ရုံဆွေးနွေးပွဲ ကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် အောက်ပါအတိုင်း ကျင်းပသွားပါမည်။
ဤဆွေးနွေးပွဲတွင် တက္ကသိုလ်နှင့် ပုဂ္ဂလိက ဂျပန်စာသင်ကျောင်းများရှိ ဂျပန်စာ သင်ကြားပေးနေသော ဆရာ၊ဆရာမများ၏ အရည်အသွေးကို မြှင့်တင်ပေးပြီး၊ တစ်ဖန် ပညာရေးဆိုင်ရာ နယ်ပယ် အကြားရှိ ကွန်ရက်ကို ပိုမို ခိုင်မြဲလာအောင် ဖော်ဆောင်နိုင်ရန် ရည်ရွယ် ထားသောကြောင့် ဂျပန်စာ သင်ကြားပေးနေသော ဆရာ၊ဆရာမ အများအပြား ပါဝင် တက်ရောက်နိုင်မည်ဟု မျှော်လင့်ထားပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်မည့် လူစာရင်းကို ကြိုတင် ပြုစုထား ပါလိုသောကြောင့် တက်ရောက်လိုသူများသည် ၂၀၁၈ခုနှစ် မတ်လ ၂၁နေ့ (ဗုဒ္ဓဟူးနေ့) ထက် နောက်မကျစေဘဲ အောက်ပါ နံပါတ်၆တွင် ဖော်ပြထားသော နေရာသို့ စာရင်း ပေးသွင်းကြရန်ဖြစ်ပါသည်။

(၁) မန္တလေး
နေ့ရက် ၂၀၁၈ခုနှစ် မတ်လ ၃၁ရက် (စနေနေ့) မနက် ၉နာရီမှ ညနေ၄နာရီအထိ
နေရာ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်
MUFL – Mandalay University of Foreign Languages
(62nd St, between 22nd and 23rd st, Aungmyethazan, Mandalay)

(၂) ရန်ကုန်
နေ့ရက် ၂၀၁၈ခုနှစ် ဧပြီလ ၃ရက် (အင်္ဂါနေ့) မနက် ၉နာရီမှ ညနေ၄နာရီအထိ
နေရာ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်
YUFL – Yangon University of Foreign Languages
(No.119-131, University Avenue Rd, Kamayut, Yangon)

(၃) ဆွေးနွေးပွဲအကြောင်းအရာ (လျာထားချက်)
• စာသင်ခန်း၏ တင်းကြပ်မှုများကို ဖြေလျှော့ကြပါစို့
• 「~to」「~ba」「~tara」「~nara」ကို မြန်မာဘာသာဖြင့် စဉ်းစားကြည့်ခြင်း
• 「စကားပြော သင်ခန်းစာ - ဂျပန်ဘာသာဖြင့် ပြောကြားလိုခြင်း ! ကို ဖန်တီးခြင်း」

(၄) ကော်မတီဝင်
Mr.Sato Naoki ဂျပန်စာအဆင့်မြင့်သင်ကြားရေးပညာရှင်၊ ဂျပန်ဖောင်ဒေးရှင်း
Ms.Sasamura Haruka ဂျပန်စာပညာရှင်၊ ဂျပန်ဖောင်ဒေးရှင်း

(၅) သတိပြုရမည့် အချက်များ
ဆွေးနွေးပွဲကို ဂျပန်ဘာသာစကားဖြင့်သာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဆွေးနွေးပွဲ၏ အကြောင်းအရာများသည် ဂျပန်စာ N3 အဆင့်နှင့် အထက်ဖြစ်ပါသည်။

(၆) လျှောက်ထားရမည့် နည်းလမ်း
လျှောက်လွှာဖောင် တွင် လိုအပ်သည်များကို ဖြည့်စွက်ပြီး အောက်ပါ မေးလ်သို့တိုက်ရိုက်ပေးပို့ လျှောက်ထားသည်။
လျှောက်လွှာဖောင်ကို ဂျပန်သံရုံး၏ Homepageနှင့် သံရုံး သို့မဟုတ် MAJA ၏ Facebookတွင် ရယူနိုင်ပါသည်။

၁။ မန္တလေး
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (ဂျပန်စာဌာန)
တာဝန်ခံ Daw Swe Swe Aung
ဖုန်း 09-206-2487
Email: sweswe.aung7@gmail.com

၂။ ရန်ကုန်
လျှောက်လွှာတင်ရမည့် နေရာနှင့် ဆွေးနွေးပွဲကျင်းပမည့် နေရာမှာ သီးခြားစီဖြစ်ပါသည်။
မြန်မာနိုင်ငံ ဂျပန်စာသင်ကြားရေး အဖွဲ့အစည်း
တာဝန်ခံ Ma Yamin,Daw Hsu Mon Aye
လိပ်စာ c/o MAJA, 707, Building C, Pearl Condo, Kabarye Pagoda Rd, Bahan T/S, Yangon
ဖုန်း 09-2626-02121,09-515-9471
Email:  jltamyanmar@gmail.com