
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ (၂၉၃,၄၁၃) ကို အောက်ဖော်ပြပါစီမံကိန်းများအတွက် ထောက်ပံ့ပေးခဲ့ပါသည်။
၁) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ နမ့်ဖြန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း
အမေရိကန်ဒေါ်လာ (၆၅,၅၁၃)၊
၂) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ နမ့်ကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး
စီမံကိန်း အမေရိကန်ဒေါ်လာ (၁၃ဝ,၇၄၂) နှင့်
၃) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝမ်မီးမိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း အမေရိကန်ဒေါ်လာ (၉၇,၁၅၈) တို့ဖြစ်ကြပါသည်။
ဖော်ပြပါစီမံကိန်း(၃)ခုကို မြန်မာနိုင်ငံအစိုးရက ဂျပန်နိုင်ငံအစိုးရသို့ ရေဘေးဒဏ်ခံခဲ့ရသော ကျောင်းပေါင်း(၄၉၃) ကျောင်းထဲမှ စာသင်ကျောင်းများအပါအဝင် ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပါသည်။
အထက်ပါစီမံကိန်း(၃)ခု၏လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် တာချီ လိတ်မြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တတိယအတွင်းဝန် Ms. Ayano SUZUKI ၊ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ဆောက်လုပ်ရေးစီမံကိန်းများမှ ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါ သည်။
၂ဝ၁၅ ခုနှစ်ရေဘေးဒဏ်ကြောင့် နမ့်ဖြန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ စာသင်ကျောင်းဆောင်၊ သန့်စင်ခန်း များနှင့် ကျောင်းပရိဘောဂများမှာ ရေနှင့်အတူမျောပါသွားခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများသည် ရွာသူရွာသားများမှ ဆောက်လုပ်ပေးသော ယာယီကျောင်းဆောင်တစ်ဆောင်အတွင်း၌ ပညာသင်ကြားခဲ့ရပါသည်။ သို့ သော်လည်း အဆိုပါယာယီကျောင်းဆောင်ကို ပျက်စီးလွယ်သောပစ္စည်းများဖြစ်သည့် သွပ်ပြားနှင့်ဝါးများဖြင့် ဆောက် လုပ်ထားရခြင်းကြောင့် ကျောင်းသူကျောင်းသားများမှာ ပညာသင်ကြားနေစဉ် လေဒဏ်မိုးဒဏ်များ ထိခိုက်ခံစားခဲ့ကြရ ပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၃)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၄ဝ)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။ နမ့်ကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းဆောင်တစ်ဆောင်မှာ ၂ဝ၁၅ ခုနှစ်ရေကြီးမှုဒဏ် ကြောင့် ဆိုးရွားစွာပျက်စီးခဲ့ပါသည်။ သို့သော်လည်း စာသင်ခန်းမလုံလောက်သောကြောင့် ကျောင်းသူကျောင်းသားများ သည် အဆိုပါအန္တရာယ်ရှိသော ကျောင်းဆောင်အတွင်း၌ပင် ပညာသင်ကြားခဲ့ရပါသည်။ မပြည့်စုံသော ကျောင်းပတ်ဝန်း ကျင်တစ်ခု တိုးတက်ကောင်းမွန်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၇)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁၄၃)ဦး အကျိုး ခံစားရမည်ဖြစ်ပါသည်။
ဝမ်မီးမိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းဆောင်မှာ ၂ဝ၁၅ ခုနှစ် ရေကြီးမှုကြောင့် လုံးဝပျက်စီးသွား ခဲ့ပြီး ကျောင်းသူကျောင်းသားများမှာ အနီးရှိဘုရားကျောင်းတစ်ကျောင်းအတွင်း၌ ပညာသင်ကြားခဲ့ရပါသည်။ အဆိုပါ ဘုရားကျောင်းတွင် တံခါးများမရှိသောကြောင့် ကျောင်းသူကျောင်းသားများမှာ ပညာသင်ကြားနေစဉ်အတွင်း လေဒဏ် မိုးဒဏ်များ ထိခိုက်ခံစားခဲ့ရပါသည်။ အဆိုပါအခြေအနေများကြောင့် ဂျပန်အစိုးရက စာသင်ခန်း(၅)ခန်း၊ လျှောက်လမ်း၊ သန့်စင်ခန်းများနှင့် ပရိဘောဂအပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက် လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူ ကျောင်းသား (၄၂)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ထို့အတူဂျပန်နိုင်ငံသည် ပြီးခဲ့သောဘေး အန္တရာယ်များမှ သင်ခန်းစာများရယူကာ “ပိုမိုကောင်းမွန်အောင်ပြန်လည်တည်ဆောက်ခြင်း” ဆိုသော အယူအဆကို တစ် ကမ္ဘာလုံး၌ပျံ့နှံ့သွားစေရန် မိတ်ဆက်ခဲ့ပါသည်။ “ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ခြင်း” ဆိုသည်မှာ သ ဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများလျှော့ချနိုင်ရန် သဘာဝဘေးအန္တရာယ်မဖြစ် ပွားမီအချိန်ကထက် လူမှုအဖွဲ့အစည်းကို ပိုမိုခိုင်မာကောင်းမွန်လာအောင် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပါသည်။ ဤ အတွေးအခေါ်အပေါ်အခြေခံ၍ ဂျပန်အစိုးရအနေဖြင့် ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းအဆောက်အအုံအသစ်များကို ရေကြီးစဉ်ကာလကထိခိုက်ပျက်စီးခဲ့ရသော ကျောင်းအဆောက်အအုံထက် ပိုမို တောင့်တင်းခိုင်မာအောင် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၄၆)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၁၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၄)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။