KAKEHASHI Project - Building Bridge between High School Students in Japan and Asia အာရှအထက်တန်းကျောင်းသားလူငယ်များ၏ ကူးလူးဆက်နွယ်စီမံကိန်း တွင် ပါဝင်လိုသူများအား ခေါ်ယူခြင်း
ဂျပန်နိုင်ငံ Ministry of Education, Culture, Sports, Science and Technology (MEXT) အနေနှင့် အာရှနိုင်ငံများမှ ဂျပန်စာသင်ယူကြသော ထူးချွန်အထက်တန်း ကျောင်းသားများကို ဂျပန်နိုင်ငံတစ်လွှားရှိ အထက်တန်းကျောင်းများသို့ ဖိတ်ခေါ်ပြီး ဂျပန်အထက်တန်း ကျောင်းသားများနှင့်အတူ ပညာသင်ယူပြီး အပြည်ပြည်ဆိုင်ရာ ကူးလူးဆက်နွယ် ယဉ်ကျေးမှုဖလှယ်မှုကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်လျက် “KAKEHASHI Project - Building Bridge between High School Students in Japan and Asia အာရှ အထက်တန်း ကျောင်းသားလူငယ်များ၏ ကူးလူးဆက်နွယ် စီမံကိန်း” ကို ယခုနှစ်မှစတင်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ဤစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် AFS Japan အဖွဲ့အစည်းမှ ပါဝင်လိုသူများကို ခေါ်ယူခြင်း၊ ရွေးချယ်ခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများအနေနှင့် အောက်ပါလင့်ခ်ရှိ Website တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
http://afsthailand.org/kakehashi-project/#afs-nav-kakehashi-project