ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ပဲခူးတိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ (၆၈,၅၄၂) တန်ဖိုးရှိ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)တစ်ခု ထောက်ပံ့ကူညီခြင်း
၂ဝ၁၈ ခုနှစ်၊ မေလ (၄) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၆၈,၅၄၂) ပေးအပ်ခဲ့ပါသည်။

ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဆောက်လုပ်ရေးစီမံကိန်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၈ ခုနှစ် မေလ(၄) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ဒုတိယအတွင်းဝန် Mr. Keisuke AMIMOTO ၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦး၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အုန်းပင်ကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)ကို ၁၉၇၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ကျေးရွာ(၄)ရွာမှ ရွာသူ ရွာသားများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။ သို့သော် အဆောက်အအုံသည် ဆိုး ရွားစွာယိုယွင်းပျက်စီးနေသောကြောင့် လူနာများမှာ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးနေစဉ် လေဒဏ်မိုး ဒဏ်များ ထိတွေ့ခံစားခဲ့ရပါသည်။ ထို့ပြင် ကျန်းမာရေးဌာနမှာလည်း ဝန်ထမ်းအိမ်ယာနှင့် ဆေးဝါးသုံးကိရိယာများ မလုံ လောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ကျန်းမာသန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေရန် ဂျပန်အစိုး ရက ပရိဘောဂအပြည့်အစုံ၊ ဆေးဝါးသုံးကိရိယာများ၊ ခြံစည်းရိုးများပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျေးလက် ကျန်းမာရေးဌာန(ခွဲ)တစ်ခုနှင့် ဝန်ထမ်းအိမ်ယာတစ်လုံးတို့ ဆောက်လုပ်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးခဲ့ပါသည်။ ဤ စီမံကိန်းကြောင့် ကျေးရွာ(၄)ရွာမှ ဒေသခံပြည်သူ(၃,၁၁၄)ဦးတို့ အကျိုးခံစားရမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၆၆)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၃၅)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအ ဆောက်အအုံ စီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ်ပါ သည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့် မည်ဟု မျှော်လင့်လျက်ရှိပါသည်။