ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မကွေးတိုင်းဒေသကြီးတွင် ဆောက်လုပ်ပြီးစီးခဲ့သော ရေဘေးဒဏ်ခံခဲ့ရသည့် စာသင်ကျောင်း(၃)ကျောင်း
၂ဝ၁၈ ခုနှစ်၊ မေလ (၁၆) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ (၃၃၄,၈၄၁) ကို အောက်ဖော်ပြပါစီမံကိန်းများအတွက် ထောက်ပံ့ပေးခဲ့ပါသည်။

၁) မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ခြင်ပစ်ကိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း အမေရိကန်ဒေါ်လာ (၈၃,၁၁၃)၊
၂) မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ပွင့်တောက်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ် ရေးစီမံကိန်း အမေရိကန်ဒေါ်လာ (၁၁၁,၇၁၄) နှင့်
၃) မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ငလဲကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေး စီမံကိန်း အမေရိကန်ဒေါ်လာ (၁၄ဝ,ဝ၁၄) တို့ဖြစ်ကြပါသည်။

ဖော်ပြပါစီမံကိန်း(၃)ခုသည် မြန်မာနိုင်ငံအစိုးရက ဂျပန်နိုင်ငံအစိုးရသို့ ရေဘေးဒဏ်ခံခဲ့ရသော ကျောင်းပေါင်း(၄၉၃) ကျောင်း ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးရန် မေတ္တာရပ်ခံခဲ့ သော စာသင်ကျောင်းများတွင် ပါဝင်ပါသည်။

အထက်ပါစီမံကိန်း(၃)ခုအတွက် ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၈ ခုနှစ်၊ မေလ ၁၅ နှင့် ၁၆ ရက်နေ့များတွင် စေတုတ္တရာမြို့နယ်၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယအတွင်းဝန် Mr. Satoshi NISHIZAWA ၊ ဒေါက်တာ ခင်မောင်အေး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဆောက်လုပ်ရေးစီမံကိန်းများမှ ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ခြင်ပစ်ကိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသည် မြေနိမ့်ပိုင်းတွင်တည်ရှိသောကြောင့် စာသင်ကျောင်းသည် ရေ ကြီးမှုဒဏ်များကို ကာလကြာရှည်စွာရင်ဆိုင်ခဲ့ရပါသည်။ ၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုကြောင့် စာ သင်ကျောင်းဆောင်ထိခိုက်ခဲ့ပြီး ဆိုးရွားစွာပျက်စီးခဲ့ပါသည်။ သို့သော် ကျောင်းသူကျောင်းသားများအားလုံးသည် အဆိုပါ ပျက်စီးနေသော ကျောင်းဆောင်အတွင်းတွင် ပညာသင်ကြားခဲ့ရပါသည်။ ကောင်းမွန်လုံခြုံသော ကျောင်းပတ်ဝန်းကျင်တစ် ခု ဖန်တီးပေးရန် ဂျပန်အစိုးရက စာသင်ခန်း(၅)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းပရိဘောဂ အပြည့်အစုံပါဝင်သော တစ် ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိ ကျောင်းသူ ကျောင်းသား(၃၆)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ပွင့်တောက်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၏ ကျောင်းဆောင်မှာ ၂ဝ၁၅ ခုနှစ်ရေကြီးမှုဒဏ်ကြောင့် လုံးဝ ပျက်စီးသွားခဲ့ပါသည်။ ယာယီကျောင်းဆောင်တစ်ဆောင် တည်ဆောက်ခဲ့သော်လည်း စာသင်ခန်းများ လုံလောက်မှုမရှိခဲ့ပါ။ ထို့ကြောင့် အတန်းခြောက်တန်းမှ ကျောင်းသူကျောင်းသားများသည် အနီးရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ပညာသင် ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်ကောင်းတစ်ခုကို ထောက်ပံ့ပေးရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်း၊ လျှောက်လမ်း၊ သန့်စင်ခန်းများနှင့် ကျောင်းပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိ ကျောင်းသူကျောင်းသား(၉၂)ဦး အကျိုး ခံစားရမည်ဖြစ်ပါသည်။

အလားတူစွာ ငလဲကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းဆောင်(၂)ဆောင်မှာ ပေ(၂ဝ)ထိမြင့်တက်ခဲ့ သော ရေဘေးဒဏ်ကြောင့် ရေနစ်မြုပ်ခဲ့ရပြီး ကျောင်းဆောင်တစ်ဆောင်မှာ ပြိုကျလုနီးပါးဖြစ်ခဲ့ရပါသည်။ သို့သော် သင့်တော်သော စာသင်ကျောင်းဆောင်များမရှိသည့်အတွက် ကျောင်းသူကျောင်းသားများသည် အဆိုပါကျောင်းဆောင် များတွင် ပညာသင်ကြားခဲ့ကြရပါသည်။ အဆိုပါ အခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၈)ခန်း၊ သန့်စင်ခန်း များနှင့် ကျောင်းပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိ ကျောင်းသူကျောင်းသား(၁၂ဝ)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ထို့အတူ ဂျပန်နိုင်ငံသည် ပြီးခဲ့သောဘေး အန္တရာယ်များမှ သင်ခန်းစာများရယူကာ “ပိုမိုကောင်းမွန်အောင်ပြန်လည်တည်ဆောက်ခြင်း” ဆိုသော အယူအဆကို တစ် ကမ္ဘာလုံး၌ပျံ့နှံ့သွားစေရန် မိတ်ဆက်ခဲ့ပါသည်။ “ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ခြင်း” ဆိုသည်မှာ သဘာဝ ဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများလျှော့ချနိုင်ရန် သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ အချိန်ကထက် လူမှုအဖွဲ့အစည်းကို ပိုမိုခိုင်မာကောင်းမွန်လာအောင် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပါသည်။ ဤအတွေး အခေါ်အပေါ်အခြေခံ၍ ဂျပန်အစိုးရအနေဖြင့် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းအ ဆောက်အအုံအသစ်များကို ရေကြီးစဉ်ကာလကထိခိုက်ပျက်စီးခဲ့ရသော ကျောင်းအဆောက်အအုံထက် ပိုမိုတောင့်တင်း ခိုင်မာအောင် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်းပေါင်း(၈၆၆)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၃၅)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့် မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက်အအုံစီမံ ကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက် ရှိပါသည်။