ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ပဲခူးတိုင်းဒေသကြီးတွင် စာသင်ကျောင်းသုံးကျောင်းထောက်ပံ့ကူညီခြင်း
၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ (၃ဝ) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ပဲခူးတိုင်းဒေသကြီးတွင် စီမံကိန်း(၃)ခုအတွက် အမေရိကန်ဒေါ်လာ(၂၉ဝ,၄၈ဝ) ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-

၁) ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် တော်လဿကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၉၈,၅၄ဝ)
၂) ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် ချောင်းသုံးခွကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၁၀၁,၆၈ဝ) နှင့်
၃) ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် ကျောက်အိုင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၉၀,၂၆ဝ) တို့ဖြစ်ကြပါသည်။

ဖော်ပြပါစီမံကိန်း(၃)ခုသည် မြန်မာနိုင်ငံအစိုးရက ဂျပန်နိုင်ငံအစိုးရသို့ ရေဘေးဒဏ်ခံခဲ့ရသော ကျောင်းပေါင်း(၄၉၃) ကျောင်း ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးရန် မေတ္တာ ရပ်ခံခဲ့သော စာသင်ကျောင်းများတွင် ပါဝင်ပါသည်။

အထက်ပါစီမံကိန်းများ၏ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၈ခုနှစ်၊ ဇန်န၀ါရီလ (၂၉)ရက်နှင့် (၃ဝ)ရက်နေ့ များတွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ပထမအတွင်းဝန် Mr. Wataru SUZUKI ၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌများ နှင့်ကော်မတီအဖွဲ့ ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

တော်လဿကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ယာယီကျောင်းဆောင်အပါအဝင် ကျောင်းဆောင် နှစ်ဆောင်ရှိပါသည်။ ၂ဝ၁၅ ရေလွှမ်းမိုးမှုဒဏ်ကြောင့် ယာယီကျောင်းဆောင်နှင့်ချောင်းကူးတံတားပျက်စီးခဲ့ပါသည်။ ယာယီကျောင်းဆောင်ပျက်စီးခဲ့သည့်အတွက် ကျောင်းသူကျောင်းသားများ ကျန်ရှိနေသောကျောင်းဆောင်တစ်ဆောင် တည်းတွင် ကျပ်တည်းစွာပညာသင်ကြားခဲ့ကြရသည်။ တံတားပျက်စီးသွားသည့်အတွက် ကျောင်းသူကျောင်းသားများ လမ်းမကြီးမှကျောင်းသို့ကူးရာတွင် အလွန်အန္တရာယ်များပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံ အစိုးရ က စာသင်ခန်း(၅)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင် တစ်ဆောင်နှင့် ကွန်ကရစ်တံတားတစ်စင်း ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသူကျောင်းသား (၃၆၉)ဦးနှင့် ကျောင်းဆရာ၊ဆရာမ(၁၄)ဦးတို့ အကျိုးခံစားရမည်ဖြစ်ပါသည်။

ချောင်းသုံးခွကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိကျောင်းဆောင်သည် ၂ဝ၁၅ခုနှစ် ရေလွှမ်းမှုကြောင့် ကြမ်းခင်း များနှင့် နံရံများပျက်စီးခဲ့ပါသည်။ ထို့ကြောင့် အန္တရာယ်ရှိသော ကျောင်းဆောင်တွင် ဆက်လက်ပညာသင်ကြားရန် မဖြစ်နိုင်သောကြောင့် ကျောင်းအနီးရှိဘုန်းကြီးကျောင်းတွင် ကျောင်းသူကျောင်းသားများ ပညာသင်ကြားခဲ့ကြရပါ သည်။ ကျောင်းသူကျောင်းသားများအသုံးပြုနေသော သန့်စင်ခန်းမှာလည်း ပျက်စီးခဲ့ပါသည်။ ကျောင်းသူကျောင်းသား များ ကောင်းမွန်လုံခြုံစွာပညာသင်ကြားနိုင်ရန် ဂျပန်နိုင်ငံအစိုးရက စာသင်ခန်း(၅)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင် တစ်ဆောင်၊ သန့်စင်ခန်းများနှင့် ကျောင်းနှင့် သန့် စင်ခန်း ဆက်သွယ်သောလျှောက်လမ်း ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသူ ကျောင်းသား (၁၉၃)ဦးနှင့် ကျောင်းဆရာ၊ဆရာမ(၆)ဦးတို့ အကျိုး ခံစားရမည် ဖြစ်ပါသည်။

ကျောက်အိုင်ကျေးရွာ အခြေခံပညာမူလတန်းလွန်တန်းကျောင်းရှိ ကျောင်းဆောင်နှစ်ဆောင်သည် ၂၀၁၅ခုနှစ် ရေ လွှမ်းမှု ကြာရှည်ခဲ့သောကြောင့် ရေနစ်မြုပ်ခဲ့ပြီး ကျောင်းဆောင်များမှာ ဆိုးရွားစွာပျက်စီးခဲ့ပါသည်။ စာသင်ခန်း မလုံလောက်သောကြောင့် ထိုအန္တရာယ်ရှိသော ကျောင်းဆောင်တစ်ဆောင်စီတွင် ကျောင်းသူကျောင်းသားဦးရေ (၁ဝဝ)ကျော်သည် ကျပ်ကျပ်တည်းတည်း ပညာသင်ကြားခဲ့ကြရပါသည်။ ကျောင်းသူကျောင်းသားများ အသုံးပြုနေ သော သန့်စင်ခန်းများ မှာလည်းပျက်စီးခဲ့ပြီး ဆရာ၊ဆရာမများ၏သန့်စင်ခန်းများကိုသာ ကျောင်းသူကျောင်းသားများ အားလုံး အသုံးပြုခဲ့ကြရပါသည်။ ကျောင်းသူကျောင်းသားများ ကောင်းမွန်လုံခြုံစွာပညာသင်ကြားနိုင်ရန် ဂျပန်နိုင်ငံ အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်း ဆောင်တစ်ဆောင်၊ သန့်စင်ခန်းများနှင့် ကျောင်းနှင့်သန့်စင်ခန်း ဆက်သွယ်သောလျှောက်လမ်း ထောက်ပံ့ပေးခဲ့ပါ သည်။ စီမံကိန်းသည် ကျောင်းရှိ ကျောင်းသူကျောင်းသား(၂၃၆)ဦး နှင့် ကျောင်းဆရာ၊ ဆရာမ(၈)ဦးတို့ အကျိုးခံစားရ မည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ထို့အတူဂျပန်နိုင်ငံသည် ပြီးခဲ့သောဘေး အန္တရာယ်များမှ သင်ခန်းစာများရယူကာ “ပိုမိုကောင်းမွန်အောင်ပြန်လည်တည်ဆောက်ခြင်း” ဆိုသော အယူအဆကို တစ်ကမ္ဘာလုံး၌ပျံ့နှံ့သွားစေရန် မိတ်ဆက်ခဲ့ပါသည်။ “ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ခြင်း” ဆိုသည်မှာ သဘာဝ ဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများလျှော့ချနိုင်ရန် သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီအချိန်ကထက် လူမှုအဖွဲ့အစည်းကို ပိုမိုခိုင်မာကောင်းမွန်လာအောင် ပြန်လည်တည်ဆောက်ခြင်း ဖြစ်ပါ သည်။ ဤအတွေးအခေါ်အပေါ် အခြေခံ၍ ဂျပန်အစိုးရအနေဖြင့် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီ အစဉ်အရ ကျောင်းအဆောက်အအုံအသစ်များကို ရေကြီးစဉ်ကာလကထိခိုက်ပျက်စီးခဲ့ရသော ကျောင်းအဆောက် အအုံထက် ပိုမိုတောင့်တင်းခိုင်မာအောင် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၄၂)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၁၄)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံ အဆောက်အအုံ စီမံကိန်းပေါင်း(၅၄)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီး ဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာ စေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။