
ဂျပန်နိုင်ငံ၏ နွေရာသီ (ဇူလိုင်လမှ စက်တင်ဘာလအထိ)တွင် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအတွက် (အပူရှိန်ပြင်းထန်ခြင်းကြောင့် အပူရှပ်ခြင်းမှ သတိပြုကြပါရန်)
၂ဝ၁၈ ခုနှစ်၊ မေလ (၁၈) ရက်
နှင်းနိုင်ငံတော် ဖြစ်သော ဂျပန်နိုင်ငံကြီး။ မြန်မာနိုင်ငံသားများခင်ဗျာ...ဂျပန်နိုင်ငံကို အေးသောနိုင်ငံလို့ တွေးထင်ပါသလား။ ဂျပန်နိုင်ငံ၏နွေရာသီ (NATSU) သည် မြန်မာနိုင်ငံကဲ့သို့ပင် အပူချိန် မြင့်မားကာ စိုထိုင်းဆမှာလည်း မြင့်တက်လျက်ရှိပြီး ပူလောင်အိုက်စပ်လွန်းလှသည့် အချိန်ကာလဖြစ်ပါသည်။ ဤအချိန်ကာလတွင် လည်ပတ်သွားလာနေစဉ် "အပူရှိန်ပြင်းထန်ခြင်းကြောင့် အပူရှပ်ခြင်း" ဖြစ်ပေါ်လွယ်သည့်အတွက် ထီးများ၊ ဦးထုပ်များကို အသုံးပြုခြင်း၊ မကြာခဏ အနားယူခြင်း၊ ရေဓာတ်နှင့်ဆားဓာတ်များကို ဖြည့်စွက်ပေးခြင်းတို့ကို မမေ့မလျော့ လုပ်ဆောင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
http://www.wbgt.env.go.jp/en/heatillness_pr.php![]() |
![]() |