ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၂၁၄,၈၇ဝ) ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-
၁) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း
ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၁ဝ,၆၅၈) နှင့်
၂) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း ဆောက်လုပ်
ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁ဝ၄,၂၁၂) တို့ဖြစ်ကြပါသည်။
အထက်ပါ စီမံကိန်းများအတွက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၈ ခုနှစ် မေလ ၂၉ ရက် နေ့တွင် ကျိုက်မရောနှင့် မော်လမြိုင်မြို့နယ်များ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တတိယအတွင်းဝန် Ms. Ayano SUZUKI ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ ဆောက်လုပ်ရေးစီမံကိန်းများမှ ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါ သည်။
သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းတွင် စာသင်ကျောင်းဆောင်မရှိသောကြောင့် ဘုန်းကြီးကျောင်းအဆောက်အအုံကို စာသင်ခန်းများအဖြစ် အသုံးပြုခဲ့ရပါသည်။ ထို့ကြောင့် ဘာသာရေးအခမ်းအနား များရှိသောအခါ ကျောင်းပိတ်ခဲ့ရပါသည်။ ကျောင်းသူကျောင်းသားများသည်လည်း စာသင်ခန်းမရှိသောကြောင့် ကျဉ်း မြောင်းသောနေရာတွင် ပညာသင်ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖန်တီး ရန် ဂျပန်အစိုးရက စာသင်ခန်း(၈)ခန်းနှင့် ကျောင်းပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်း ဆောင်တစ်ဆောင်ဆောက်လုပ်ရန် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြား နေကြသော ကျောင်းသူကျောင်းသား(၁ဝ၁)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။
ဇေယျာသီရိ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းရှိ စာသင်ကျောင်းဆောင်မှာ ဟောင်းနွမ်းဆွေးမြေ့နေခဲ့ သော်လည်း အခြားစာသင်ဆောင်မရှိသောကြောင့် ကျောင်းသူကျောင်းသားများသည် လုံခြုံမှုမရှိသော ၄င်းအဆောက် အအုံတွင် ပညာသင်ကြားခဲ့ကြရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၈)ခန်း၊ သန့်စင် ခန်း(၅)ခန်းနှင့် ကျောင်းပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက် လုပ်ရန် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်း သား(၁၉၁)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၆၆)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၃၅)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။

No.100 Natmauk Road, Bahan Township, Yangon
01-549644~8