
၁။ ဇွန်လ ၇ ရက်နေ့တွင် ဂျပန်နိုင်ငံမှ State Minister for Financial Services ဖြစ်သူ H.E. Mr. Takao Ochi သည် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး H.E. U Maung Maung Win ထံသို့ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းရေးဆွဲ ပြုစုထားသည့် “မြန်မာနိုင်ငံ အာမခံ ကဏ္ဍဆိုင်ရာ အထောက်အပံ့ စီမံချက် COMPASS for the Future of Myanmar’s Insurance Sector” ဆိုင်ရာ အချက်အလက်များကို ပေးအပ်ခဲ့ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။
(စီမံချက် အဓိကအကြောင်းအရာ)
(သတိပြုရန်) တရားဝင်အမည်။ ။ Comprehensive Map of Proactive Assistance (COMPASS) for the Future of Myanmar’s Insurance Sector
အစည်းအဝေး တက်ရောက်ခဲ့သည့် အဖွဲ့အစည်းများ။ ။ Financial Services Agency, Japan International Cooperation Agency, General Insurance Association of Japan, General Insurance Rating Organization of Japan, Life Insurance Association of Japan, Foundation for the Advancement of Life & Insurance Around the world, Sompo Japan Nipponkoa Insurance, Tokio Marine & Nichido Fire Insurance, Mitsui Sumitomo Insurance, Dai-ichi Life Insurance, Taiyo Life Insurance, Nippon Life Insurance
၂။ ဤစီမံကိန်းသည် မြန်မာနိုင်ငံ အာမခံကဏ္ဍ၏ ပြီးပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက် အကူပြုပြီး နှစ်နိုင်ငံလုံးအတွက် ကောင်းမွန်သည့် Win-Win ဆက်ဆံရေးကို ပိုပြီး ခိုင်မာအောင် တည်ဆောက်နိုင်ရန်အတွက် ရည်ရွယ်ပါသည်။
၃။ ဂျပန်နိုင်ငံအနေဖြင့် ၁၉၉၀ပြည့်နှစ်များကတည်းက တည်ဆောက်လာခဲ့သည့် အာမခံကဏ္ဍဆိုင်ရာ နှစ်နိုင်ငံအကြား ယုံကြည်မှုများကို အခြေခံပြီး မြန်မာနိုင်ငံဘက်မှ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ရယူကာ မြန်မာနိုင်ငံ အာမခံကဏ္ဍဆိုင်ရာ စနစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းရည်တည်ဆောက်ရေးအတွက် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းပြီး ရေးဆွဲထားသည့် အထောက်အပံ့ စီမံချက်ကို အကောင်အထည်ဖော်သွားရန် စဉ်းစားထားပါသည်။
မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အာမခံကဏ္ဍဆိုင်ရာ အထောက်အပံ့ စီမံချက်ဆိုင်ရာ အချက်အလက်များ ပေးအပ်ခြင်းနှင့်ပတ်သက်၍ (Financial Services Agency)
![]() |
![]() |
COMPASS ပေးအပ်ခြင်း | COMPASS ၏ အဓိကအကြောင်းအရာများ |