ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကချင်ပြည်နယ်တွင် အမေရိကန်ဒေါ်လာ(၁၆၆,၃ဝ၃) တန်ဖိုးရှိ စာသင်ကျောင်းနှစ်ကျောင်း ထောက်ပံ့ကူညီခြင်း
၂ဝ၁၈ ခုနှစ်၊ ဇွန်လ (၂၈) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၁၆၆,၃ဝ၃) ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-

၁) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ (၁၁၇,၇၆၉) နှင့်
၂) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ကျေးရွာ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၄၈,၅၃၄) တို့ဖြစ်ကြပါသည်။

အထက်ပါ စီမံကိန်းနှစ်ခုအတွက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၂၈ ရက် နေ့တွင် မြစ်ကြီးနားမြို့၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ တတိယအတွင်းဝန် Ms. Ayano SUZUKI ၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ ဆောက်လုပ်ရေးစီမံကိန်းများမှ ကော်မတီဥက္ကဋ္ဌ များနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသူကျောင်းသားဦးရေ တစ်နှစ်ထက်တစ်နှစ် များပြားလာခဲ့ပြီး စာသင်ခန်းမလုံလောက်သည့်အတွက် ကျောင်းသူကျောင်းသားများသည် ကျပ်တည်းသောနေရာများ၌ ပညာသင်ကြားခဲ့ကြရ ပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်း(၈)ခန်းနှင့် ကျောင်း ပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန် ရံပုံငွေထောက် ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားလျက်ရှိကြသော ကျောင်းသူကျောင်းသား(၁,၈၄ဝ)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။

ရွှေစက်ကျေးရွာ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းရှိ စာသင်ကျောင်းဆောင်မှာ ဟောင်းနွမ်းဆွေးမြေ့နေ သော်လည်း အခြားစာသင်ဆောင်မရှိသောကြောင့် ကျောင်းသူကျောင်းသားများသည် လုံခြုံမှုမရှိသော ၄င်းအဆောက်အ အုံတွင် ပညာသင်ကြားခဲ့ကြရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၄)ခန်း၊ သန့်စင် ခန်း(၄)ခန်းနှင့် ကျောင်းပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက် လုပ်ရန် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားလျက်ရှိကြသော ကျောင်းသူ ကျောင်းသား(၂၁၄)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၆၆)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၃၅)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက်အ အုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။