၂၀၁၈ခုနှစ် အာရှအပြည်ပြည်ဆိုင်ရာကလေးများ ရုပ်ရှင်ပွဲတော် ပြိုင်ပွဲဝင်လက်ရာများ ဖိတ်ခေါ်ခြင်း
![]() |
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး Myanmar Motion Picture Organization နှင့် ပူးပေါင်းပြီး ဤရုပ်ရှင်ပွဲတော်အတွက် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်လက်ရာများကို ခေါ်ယူသွားပါမည်။
ပြိုင်ပွဲဝင်လက်ရာများ အနက်မှ ထူးချွန်သည်ဟု အသိအမှတ်ပြု ရွေးချယ်ခံရသော လက်ရာများကို ရုပ်ရှင်ပွဲတော်တွင် ပြသသွားမည်ဖြစ်ပြီး၊ ထိုလက်ရာများအား ဖန်တီးသူများကို JENESYS 2018 အစီအစဉ်အရ ရုပ်ရှင်ပွဲတော်သို့ သွားရောက်နိုင်မည့် အခွင့်အရေးကို ပေးအပ်သွားမည်ဖြစ်ပါသည်။
(JENESYS 2018 သတ်မှတ်ချက်များနှင့် ကိုက်ညီမည့်သူများ ဖြစ်ရန်လိုအပ်ပါသည်။
ဂျပန်အစိုးရ၏ အစီအစဉ်များဖြစ်သည့် JENESYS နှင့် အစရှိသည့် ဖိတ်ခေါ်အစီအစဉ်များဖြင့် သွားရောက်ခဲ့သူများအနေနှင့် ယခုအကြိမ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်နိုင်မည်မဟုတ်ပါ။)
အောက်ပါ သတ်မှတ်ချက်များကို ကြည့်ရှုပြီး ကိုက်ညီသူများအနေနှင့် မိမိတို့၏ လက်ရာများကို ပေးပို့လျှောက်ထားနိုင်ပါသည်။
မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော အထက်တန်း ကျောင်းသား လူငယ်အဖွဲ့သည် ယမန်နှစ် ၁၁ကြိမ်မြောက် အာရှ အပြည်ပြည်ဆိုင်ရာ ကလေးများ ရုပ်ရှင်ပွဲတော်တွင် ဂျပန်ပညာရေးဝန်ကြီးဌာန၏ ပညာရေးဝန်ကြီးဆုကို ရရှိခဲ့ပါသည်။
ယခုနှစ်တွင်လည်း ပြိုင်ပွဲဝင်များစွာ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု မျှော်လင့်လျက်ရှိပါသည်။
၁။ ခေါင်းစဉ်
「 မိမိအသိဖြင့် တာဝန်ယူလိုစိတ်」 ကို ဖော်ကျူးသော ရုပ်ရှင် ဇာတ်လမ်းတိုဖြစ်ရပါမည်။
၂။ သတ်မှတ်ချက်များ
(၁) ကင်မရာသမား၊ ဒါရိုက်တာ နှင့် သရုပ်ဆောင်သူများသည် အထက်တန်း ကျောင်းသား၊ကျောင်းသူ အရွယ်များသာ ဖြစ်ရပါမည်။
Home Video နှင့် ၃မိနစ် အတွင်း ရိုက်ကူးထားသည့် ပြင်ပတွင် ပြသထားခြင်းမရှိသော လက်ရာဖြစ်ရပါမည်။
(၃မိနစ်ကျော်လွန်သော မည်သည့် Video ကိုမဆို ရွေးချယ်ရာတွင် ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ)
(၂) TELOPE နှင့် ဇာတ်ကြောင်းပြန်ခြင်း၊ စာတန်း ထည့်သွင်းခြင်းများကို မပါဝင်အောင် အတတ်နိုင်ဆုံး ရိုက်ကူးစေလိုပါသည်။
(၃) တစ်ဦးချင်းစီ သို့မဟုတ် အုပ်စုလိုက်ပါဝင် ယှဉ်ပြိုင်မှုများကို လက်ခံပါသည်။
သို့ရာတွင် ပြိုင်ပွဲဝင် တစ်ဦး သို့မဟုတ် ပြိုင်ပွဲဝင်အုပ်စု တစ်ခုမှ လက်ရာတစ်ခုသာ တင်သွင်းခွင့်ရှိပါသည်။
ထို့အပြင် နိုင်ငံတစ်နိုင်ငံစီမှ ကိုယ်စားပြုလက်ရာ ၃ခုသာ ရွေးချယ် ပေးပို့ရမည် ဖြစ်သောကြောင့် တစ်ဖွဲ့တွင် အများဆုံးအနေနှင့် ၃ယောက်သာ ပါဝင်ခွင့်ရှိပြီး၊ အကောင်းဆုံး ၃ဖွဲ့ကိုသာ ရွေးချယ်မည် ဖြစ်ပါသည်။
(၄) ပြိုင်ပွဲဝင်လက်ရာကို DVD တစ်ချပ်တွင် ထည့်သွင်းပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဇာတ်ညွှန်းရှင်းပြချက်နှင့်အတူ ပေးပို့ပေးရပါမည်။
၃။ သတ်မှတ်အရည်အချင်း
အသက် ၁၈နှစ် အောက်ရှိပြီး ကျန်းမာရေးကောင်းမွန်သော မြန်မာနိုင်ငံသား အထက်တန်း ကျောင်းသား ၊ ကျောင်းသူများ ဖြစ်ရပါမည်။ (တက္ကသိုလ် တက်ရောက်နေသူများ လျှောက်ထားခွင့်မရှိပါ။)
၎။ လျှောက်လွှာတင်ကာလ
၂၀၁၈ခုနှစ် စက်တင်ဘာလ ၁၀ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရပါမည်။
၅။ ပေးပို့ရမည့် လိပ်စာ
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
ဝင်္ကဘာလမ်း၊ ရန်ကုန်မြို့
ဖုန်း ၀၁ ၅၄၄၂၇၀ ၊ ၀၁ ၅၄၄၂၇၁
မေးလ် mmpo.myanmar@gmail.com


No.100 Natmauk Road, Bahan Township, Yangon
01-549644~8