Call for Designs Mekong-Japan Exchange Year 2019 Logo
၂၀၁၉ မဲခေါင် - ဂျပန် ကူးလူးဆက်သွယ်ရေးနှစ် ကို အများပြည်သူများမှ ပိုမို ကျွမ်းဝင်လာပြီး မဲခေါင်ဒေသရှိ နိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြရန်အတွက် အထိမ်းအမှတ် Logo ဒီဇိုင်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို ခေါ်ယူလျက်ရှိပါသည်။
ကျွန်ုပ်တို့အနေဖြင့် သင်တို့၏ လျှောက်လွှာဖောင်များကို မျှော်လင့်နေမိပါသည်။
ပြိုင်ပွဲ၏ အချက်အလက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

အကြောင်းအရာ
ဤ အထိမ်းအမှတ် Logoသည် မဲခေါင်ဒေသရှိ နိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြပြီး တရားဝင် Logo ဒီဇိုင်းအဖြစ် အသုံးပြုသွားမည်ဖြစ်ပါသည်။
「Mekong-Japan Exchange Year 2019」ဆိုသော စာသားကို မဖြစ်မနေ ထည့်သွင်းရပါမည်။

လျှောက်လွှာခေါ်ယူခြင်း
သတ်မှတ်ချက်များ
အောက်ပါအချက်များများနှင့် ပြည့်စုံသူများဖြစ်ရပါမည်။
ဂျပန်နှင့် မဲခေါင် ဒေသရှိ နိုင်ငံများမှ နိုင်ငံသားဖြစ်ရပါမည်။
လက်ရှိတွင် ဂျပန်နှင့်မဲခေါင် ဒေသနိုင်ငံများ၌ နေထိုင်နေသူဖြစ်ရပါမည်။

နောက်ဆုံးထား ပေးပို့ရမည့် သတ်မှတ်ရက်
၂၀၁၈ခုနှစ် စက်တင်ဘာလ ၁၀ရက် (တနင်္လာနေ့)

အကဲဖြတ်နည်းလမ်းများ
ဂျပန်နှင့် မဲခေါင်ဒေသရှိ နိုင်ငံများတွင် အကဲဖြတ်ပြီး အထူးချွန်ဆုံး တစ်ဆုကိုသာ ရွေးချယ်ပြီး အထိမ်းအမှတ် Logo ဒီဇိုင်း အဖြစ် သတ်မှတ်ပါမည်။

ကြေညာခြင်း
၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အရွေးချယ်ခံရသူအား တိုက်ရိုက် အကြောင်းကြားပြီး၊ ဤ ဝက်ဘ်ဆိုဒ်မှလည်း ကြေညာသွားပါမည်။
သို့သော် ရွေးချယ်ရသော အခြေအနေပေါ်လိုက်ပြီး ကြေညာသော ကာလ ပြောင်းလဲသွားနိုင်ခြင်းလည်း ရှိနိုင်ပါသည်။

လျှောက်ထားရမည့် နည်းလမ်း
မဲခေါင် - ဂျပန် ကူးလူးဆက်သွယ်ရေး ရုံးခန်းသို့ Email ဖြင့် တိုက်ရိုက်ပေးပို့နိုင်ပါသည်။
ပေးပို့ရမည့် Email - mekongjapan2019@mofa.go.jp
အကြောင်းအရာခေါင်းစဉ် - ၂၀၁၉ မဲခေါင် - ဂျပန် ကူးလူးဆက်သွယ်ရေးနှစ် အထိမ်းအမှတ် Logo ဒီဇိုင်းလျှောက်ထားခြင်း

လူတစ်ဦးလျှင် ဒီဇိုင်းတစ်မျိုးဖြင့်သာ ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
လျှောက်ထားရာတွင် လျှောက်လွှာဖောင် တွင် ပူးတွဲလျှောက်ထားပြီး၊ အမည်၊ ကျား/မ၊ အသက်၊ လူမျိုး၊ နေထိုင်ရာနိုင်ငံ၊ အလုပ်အကိုင်၊ ဖုန်းနံပါတ်၊ Emailလိပ်စာများနှင့် အင်္ဂလိပ် စာလုံးရေ ၅၀ ခန့်ရှိသော ဒီဇိုင်း ရှင်းပြချက်ကို ရေးသားရပါမည်။
ဒီဇိုင်းပုံ JPEG ဖိုင်သည် 3MBထက် မကျော်လွန်ဘဲ အနည်းဆုံး 300 dpi resolution ရှိသည့်ဖိုင်ဖြစ်ရပါမည်။
စာရွက်ဖြင့်ထုတ်လိုက်သောအခါ A4 တစ်မျက်နှာအတွင်း ဝင်ဆံ့သော ဒီဇိုင်းဖြစ်ရပါမည်။
အဖြူအမည်း၊ ရောင်စုံကာလာနှစ်မျိုးစလုံးနှင့် ပူးတွဲတင်ပြရပါမည်။ အရောင် မည်မျှသာသုံးစွဲရမည်ဟု သတ်မှတ်ထားခြင်း မရှိပါ။

မူပိုင်ခွင့်
(၁) ပြိုင်ပွဲဝင်ခဲ့သော ဒီဇိုင်းသည် ၂၀၁၉ မဲခေါင် - ဂျပန် ကူးလူးဆက်သွယ်ရေး အထိမ်းအမှတ်နှစ် Logo ဒီဇိုင်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး၊ အခြားမည်သည့်နေရာတွင် အသုံးပြုခွင့်မရှိပါ။
(၂) အများပြည်သူကို စိတ်အနှောက်အယှက် ဖြစ်စေသော ၊ ဥပဒေကို ချိုးဖောက်သော ၊ မူပိုင်ခွင်၊့  တတိယပါတီ နှင့် ပတ်သက်ပြီး အခွင့်အရေး ချိုးဖောက်သည်ဟု ယူဆသော ဒီဇိုင်းများကို အရည်အချင်း မပြည့်မီဟု သတ်မှတ်ပြီး ပြိုင်ပွဲမှ ထုတ်ပယ်သွားမည် ဖြစ်ပါသည်။
ရွေးချယ်ခံရသော ဒီဇိုင်းအနေနှင့်လည်း ဤအချက်များကို ဖောက်ဖျက်သော အထောက်အထားများကို တွေ့ရှိရပါက ဆက်လက်ပြီး အသုံးပြုတော့မည် မဟုတ်ကြောင်း ကြိုတင် ကြေညာအပ်ပါသည်။
(၃) အရွေးချယ်ခံရသော ဒီဇိုင်း၏ အသုံးပြုခွင့် ၊ မူပိုင်ခွင့်များသည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ပါသည်။
သို့သော် မဲခေါင်ဒေသများရှိ အစိုးရများမှ ၂၀၁၉ မဲခေါင် - ဂျပန် ကူးလူးဆက်သွယ်ရေး အထိမ်းအမှတ်နှစ်နှင့် သက်ဆိုင်သော အကြောင်းအရာများနှင့် ပတ်သက်ပြီး သုံးစွဲလိုပါက လွတ်လပ်စွာ သုံးစွဲနိုင်ပါသည်။
ဒီဇိုင်းသုံးစွဲခွင့်ကို Mekong-Japan Exchange Year Secretariat နှင့် မဲခေါင်ဒေသ နိုင်ငံများရှိ ဂျပန်အစိုးရ အသိအမှတ်ပြု အဖွဲ့အစည်းမှ သုံးစွဲခွင့်တောင်းခံရန် လိုအပ်ပါသည်။
အသုံးပြုရာတွင် ဆိုဒ်အကြီးအသေး ချိန်ဆခြင်း၊ အရောင်ကို အဖြူ၊အမည်းသို့ ပြောင်းလဲခြင်းမှလွဲ၍ အခြားသော ပြောင်းလဲမှုများကို ခွင့်မပြုပါ။

အတွင်းရေးမှူးရုံး
Mekong-Japan Exchange Year Secretariat (First Southeast Asia Division, Southeast and Southwest Asian Affairs Department, Ministry of Foreign Affairs)
လိပ်စာ 2-2-1, Kasumigaseki, Chiyoda-ku, Tokyo 100-8919
ဖက်စ် 03-5501-8262
Email: mekongjapan2019@mofa.go.jp