
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ (၃၈၆,၉၂၉) ကို အောက်ဖော်ပြပါစီမံကိန်းများအတွက် ထောက်ပံ့ပေးခဲ့ပါ သည်။
၁) ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အောင်သုခကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း အမေရိကန်ဒေါ်လာ (၇၅,၆၆၄)၊
၂) ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေးစီမံ ကိန်း အမေရိကန်ဒေါ်လာ (၈၉,၈၃၅)၊
၃) ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ထန်းကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းဆောက်လုပ် ရေးစီမံကိန်း အမေရိကန်ဒေါ်လာ (၈၁,၁၁၁) နှင့်
၎) ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ မင်းအိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ရေး စီမံ ကိန်း အမေရိကန်ဒေါ်လာ (၈၂,၅၀၉) တို့ဖြစ်ကြပါသည်။
ဖော်ပြပါစီမံကိန်း(၄)ခုကို မြန်မာနိုင်ငံအစိုးရက ဂျပန်နိုင်ငံအစိုးရသို့ ရေဘေးဒဏ်ခံခဲ့ရသော ကျောင်းပေါင်း(၄၉၃) ကျောင်းထဲမှ စာသင်ကျောင်းများအပါအဝင် ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပါသည်။
အထက်ပါစီမံကိန်း(၄)ခု၏လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၉ နှင့် ၃၀ ရက်နေ့များ တွင် အုတ်ဖိုနှင့် ကြို့ပင်ကောက်မြို့နယ်များ၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ပထမအတွင်းဝန် Mr. Toshimichi KOGA ၊ ဆောက်လုပ်ရေးစီမံကိန်းများမှ ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။
အောင်သုခကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၏ ၂၀၁၁ ခုနှစ်တွင်တည်ဆောက်ထားသော ကျောင်းဆောင်မှာ ၂၀၁၅ ခုနှစ် ဇူလိုင်လ၌ ဆိုးရွားသောရေကြီးနစ်မြုပ်မှုဒဏ်ကြောင့် လုံးဝပျက်စီးသွားခဲ့ပါသည်။ ထို့အပြင် ရေကြီးမှုကြောင့် စာသင်ခုံများ၊ ထိုင်ခုံများအားလုံးနှင့် ကျောင်းအိမ်သာများ ရေကြီးမှုကြောင့်ဆုံးရှုံးသွားခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများအားလုံးသည် အုတ်ဖိုမြို့ရှိအခြားကျောင်းများနှင့် ရွာအနီးတွင်ရှိသော ဘုန်းကြီးကျောင်းများ၌ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးသည်အထိ ပညာသင်ကြားခဲ့ရပါသည်။ အဆိုပါအခက်အခဲများကို ဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း (၅)ခန်း၊ ကျောင်းပရိဘောဂ အပြည့်အစုံနှင့် သန့်စင်ခန်းများပါဝင်သော တစ်ထပ်သံ ကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိကျောင်းသူ ကျောင်းသား(၁၆၅)ဦး အကျိုးခံစားရမည်ဖြစ် ပါသည်။
တက်ဆွဲကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းဆောင်ဟောင်းမှာ ၂၀၁၅ ခုနှစ်ရေကြီးမှုဒဏ်ကြောင့် ပျက်စီးခဲ့ပါသည်။ ယခင်ရေမကြီးမီအချိန်ကတည်းက စာသင်ခန်းများမှာ ကျဉ်းမြောင်းပြီး ခန်းဖွဲ့များလည်းမရှိသောကြောင့် ခက်ခက်ခဲခဲပညာသင်ကြားခဲ့ရပါသည်။ ၄င်းအခြေအနေများကို တိုးတက်စေရန်အတွက် ဂျပန်အစိုးရက စာသင်ခန်း (၅)ခန်း၊ ကျောင်းပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်းများပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ် ဆောင်ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိကျောင်းသူကျောင်းသား(၁၂၃)ဦး အကျိုးခံစားရမည်ဖြစ် ပါသည်။
ထန်းကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းဆောင်များမှာ ၂၀၁၅ ခုနှစ်ရေကြီးမှုဒဏ်ကြောင့် ရေအောက်သို့ (၄)ပေခန့် နစ်မြုပ်ခဲ့ပါသည်။ ကျောင်းဆောင်၏ နံရံများနှင့် အမိုးများတို့တွင် အပေါက်များစွာရှိပြီး ကြမ်းခင်းမှာလည်း ဆိုးရွားစွာယိုယွင်းပျက်စီးနေသောကြောင့် ကျောင်းသူကျောင်းသားများမှာ လေဒဏ်မိုးဒဏ်ခံကာ ပညာသင်ကြားခဲ့ ရပါသည်။ ၄င်းအခြေအနေများကြောင့် ဂျပန်အစိုးရက စာသင်ခန်း (၅)ခန်း၊ ကျောင်းပရိဘောဂ အပြည့်အစုံ၊ လျှောက်လမ်းနှင့် သန့်စင်ခန်းများပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ် ဆောင်ထောက်ပံ့ပေး ခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိကျောင်းသူကျောင်းသား(၇၀)ဦး အကျိုးခံစားရမည်ဖြစ် ပါသည်။
မင်းအိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိကျောင်းဆောင်မှာလည်း ရေကြီးမှုဒဏ်ကြောင့် ရေအောက်သို့ (၅) ပေခန့် နှစ်မြုပ်ခဲ့ပြီးဆိုးရွားစွာပျက်စီးခဲ့ပါသည်။ ထိုကြောင့် ကျောင်းဆောင်တစ်ဆောင်မှာ ဆက်လက်ပြီး အသုံးပြု၍မရတော့ပါ။ ထိုအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ဂျပန်အစိုးရက စာသင်ခန်း (၅)ခန်း၊ ကျောင်းပရိ ဘောဂ အပြည့်အစုံ၊ လျှောက်လမ်းနှင့် သန့်စင်ခန်းများပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေး ခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိကျောင်းသူကျောင်းသား(၈၆)ဦး အကျိုးခံစားရမည်ဖြစ် ပါသည်။
ဂျပန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ထို့အတူဂျပန်နိုင်ငံသည် ပြီးခဲ့သောဘေး အန္တရာယ်များမှ သင်ခန်းစာများရယူကာ “ပိုမိုကောင်းမွန်အောင်ပြန်လည်တည်ဆောက်ခြင်း” ဆိုသော အယူအဆကို တစ် ကမ္ဘာလုံး၌ပျံ့နှံ့သွားစေရန် မိတ်ဆက်ခဲ့ပါသည်။ “ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ခြင်း” ဆိုသည်မှာ သ ဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများလျှော့ချနိုင်ရန် သဘာဝဘေးအန္တရာယ်မဖြစ် ပွားမီအချိန်ကထက် လူမှုအဖွဲ့အစည်းကို ပိုမိုခိုင်မာကောင်းမွန်လာအောင် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပါသည်။ ဤအတွေးအခေါ်အပေါ်အခြေခံ၍ ဂျပန်အစိုးရအနေဖြင့် ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းအဆောက်အအုံအသစ်များကို ရေကြီးစဉ်ကာလကထိခိုက်ပျက်စီးခဲ့ရသော ကျောင်းအဆောက်အအုံထက် ပိုမို တောင့်တင်းခိုင်မာအောင် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၄၂)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၁၄)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂၀၀)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၄)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။
![]() |
![]() |