 
					"၃ကြိမ်မြောက်ဂျပန်ပုံပြင်ဘာသာပြန်ပြိုင်ပွဲ"ဆုပေးပွဲကျင်းပခြင်း
					သြဂုတ်လ ၂၆ရက်နေ့တွင် Melia ဟိုတယ်တွင် [၁၉ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ] ကျင်းပခြင်း နှင့်အတူ ယခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ကျင်းပခဲ့သည့် [၁၃ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ] နှင့် ဂျပန်ဘာသာ လေ့လာမှု အလယ်အလတ် အဆင့်အတွက် [၃ကြိမ်မြောက် ဂျပန်ပုံပြင် ဘာသာပြန်ပြိုင်ပွဲ] ၏ 
ဆုပေးပွဲကို ကျင်းပခဲ့ပါသည် (ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်း အသင်း [MAJA] တို့ ပူးပေါင်းပြီး၊ ဂျပန် ကုန်သည်ကြီးများ အသင်း [JCCM] နှင့် ရန်ကုန်ရှိ ဂျပန် လူမျိုးများအသင်းတို့မှ ပံ့ပိုး ကူညီခဲ့ပါသည်)။
လျှောက်ထားသူ ၁၅၃ဦးထဲမှ ထူးချွန်ဆုရရှိသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ၁၃ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန် ပြိုင်ပွဲယာမမိုတို ရှူးဂိုရို "This Madding Crowd" ခေါင်းစဉ်တွင် တစ်နိုင်ငံလုံးမှ ဝင်ရောက် ယှဉ်ပြိုင်သူ ၄၄ဦး ရှိခဲ့ပါသည်။
ပထမဆု မသီရိဆုလဲ့ဝေ
ဂုဏ်ပြုလက်မှတ်ကို ဂျပန်သံအမတ်ကြီး Mr. Maruyamaမှလည်းကောင်း၊ ဆုလက်ဆောင်ကို ဂျပန် ကုန်သည်ကြီးများ အသင်း [JCCM] ဥက္ကဌ Mr. Negishiမှ လည်းကောင်း ပေးအပ် ချီးမြှင့်ခဲ့သည့်အပြင် 
ရန်ကုန်မြို့၏ ညီအစ်မမြို့တော် ဖြစ်သည့် ဖူကူအိုကာမြို့သို့ ဖိတ်ခေါ်ခရီးစဉ်တို့ကို ပေးအပ်ခဲ့ပါသည်။
ဒုတိယဆု မဇင်မွန်ထွေး
ဂုဏ်ပြုလက်မှတ်ကို ဂျပန်သံအမတ်ကြီး Mr. Maruyama မှ လည်းကောင်း၊ ဆုလက်ဆောင်ကို ရန်ကုန်မြို့ရှိ ဂျပန်လူမျိုး အသင်း၏ ဥက္ကဌ Mr. Mutoh တို့မှ လည်းကောင်း အသီးသီး ဂုဏ်ပြု ချီးမြှင့်ခဲ့ပါသည်။
တတိယဆု မမြတ်နိုးဝေ
ဂုဏ်ပြုလက်မှတ်ကို ဂျပန်သံအမတ်ကြီး Mr. Maruyama မှ လည်းကောင်း၊ ဆုလက်ဆောင်ကို အကဲဖြတ် ဒိုင်လူကြီး အကြီးအကဲဖြစ်သူ ဆရာကြီး ဦးခင်အေးတို့ မှလည်းကောင်း အသီးသီး ပေးအပ်ခဲ့ပါသည်။
၂။ ၃ကြိမ်မြောက် ဂျပန်ပုံပြင် ဘာသာပြန်ပြိုင်ပွဲ
ယခုနှစ်တွင် "The Crab And The Monkey" ခေါင်းစဉ်ဖြင့် တစ်နိုင်ငံလုံးမှ ၁၀၉ဦး လျှောက်ထားပြီး လျှောက်ထားသူထဲမှ အကောင်းဆုံးဆုရရှိသူများမှာ မလီလီမော်၊မစုမြတ်နှင့် မစုစုပိုင်တို့ ဖြစ်ပါသည်။ ဂုဏ်ပြုလက်မှတ်ကို ဂျပန်သံအမတ်ကြီးMr. Maruyama မှလည်းကောင်း၊ ဆုလက်ဆောင်ကို မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်း အသင်းဥက္ကဌ ဒေါက်တာမျိုးခင်တို့မှ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 No.100 Natmauk Road, Bahan Township, Yangon
No.100 Natmauk Road, Bahan Township, Yangon
			 01-549644~8
01-549644~8