ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကယားပြည်နယ်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စာသင်ကျောင်းလေးကျောင်း ဆောက်လုပ်ခြင်းအတွက် (အမေရိကန်ဒေါ်လာ ၃၁၁,၅၉၅) ထောက်ပံ့မှု
၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် ကယားပြည်နယ်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၃၁၁,၅၉၅)ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-

၁။ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ နန်းဟူးကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၇၇,၂၉၃)၊
၂။ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ လိုခါးလိုကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၇၆,၂၅၇)၊
၃။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဖွတ်လက်တိုကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၈၁,၃၄၃) နှင့်
၎။ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ရပ်သာကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၇၆,၇ဝ၂) တို့ဖြစ်ကြပါသည်။

နန်းဟူးကုန်းကျေးရွာသည် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် တည်ရှိပါသည်။ နန်းဟူးကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် လွန်ခဲ့သောနှစ်ပေါင်း(၂၇)ခုနှစ်က တည်ဆောက်ခဲ့သည့် စာသင်ကျောင်းဆောင်၌ ယာယီခန်း ဖွဲ့ငယ်များနှင့် ဖွဲ့စည်းထားသော စာသင်ခန်း(၃)ခန်းတွင် သူငယ်တန်းမှ (၄)တန်းအထိ ပညာသင်ကြားကြရပါသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများသည် ဟောင်းနွမ်း၍ ကျပ်တည်းသော စာသင်ခန်းများတွင် ပညာသင်ကြားနေကြ ရပါသည်။ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသူကျောင်းသားများ ကျောင်းအပ်ရန်ရှိသော်လည်း ကျောင်းတွင် သင့်လျော်သောနေရာနှင့် ကျောင်းသုံးပရိဘောဂများမရှိသောကြောင့် ကျောင်းအပ်လက်ခံခြင်းကို ငြင်းပယ်ရပါသည်။ အဆိုပါ အခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၅)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၇၄)ဦး အကျိုးခံစားကြရမည် ဖြစ်ပါ သည်။

ဖားဆောင်းမြို့နယ်ရှိ နောက်ထပ်စာသင်ကျောင်းတစ်ကျောင်းဖြစ်သည့် လိုခါးလိုကျေးရွာ အခြေခံပညာမူလတန်းကျောင်း တွင် စာသင်ခန်းမလုံလောက်သောကြောင့် အတန်း(၂)တန်းမှ ကျောင်းသူကျောင်းသားများသည် စာသင်ခန်းတစ်ခန်း အတွင်း၌ ပူးတွဲပညာသင်ကြားကြရပါသည်။ သို့ဖြစ်ပါ၍ စာသင်ခန်းများမှာ ကျပ်တည်းပြီး ကျောင်းသူကျောင်းသားများ သည် အခြားအတန်းများမှ ဆူညံသံများကြောင့် စာကိုအာရုံစိုက်၍ မရနိုင်ပါ။ ဤကျောင်းတွင် လုံလောက်သောနေရာမရှိသော်လည်း အနီးတွင် အခြားကျောင်းမရှိသောကြောင့် ကျောင်းသူကျောင်းသားဦးရေသည် တစ်နှစ်ထက်တစ်နှစ်များပြား လာလျက်ရှိပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း (၃)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ် ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင် ကြားနေကြသော ကျောင်းသူကျောင်းသား(၈၃)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ဖွတ်လက်တိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် တည်ရှိပါ သည်။ အဆိုပါကျောင်းတွင် စာသင်ကျောင်းဆောင်(၂)ဆောင်ရှိသော်လည်း ကျောင်းဆောင်များ၏ ဖွဲ့စည်းပုံမှာအလွန်ရိုး ရှင်းပြီး ပြတင်းပေါက်နှင့် မျက်နှာကျက်များမရှိသောကြောင့် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားနေစဉ် အတွင်း လေဒဏ်မိုးဒဏ်များ ကြုံတွေ့နေရပါသည်။ ထို့ပြင် စာသင်ခန်းများ၌ ခန်းဖွဲ့မရှိခြင်းကြောင့် အတန်းအစုံမှ ကျောင်း သူကျောင်းသားများသည် နေရာတစ်နေရာတည်းတွင် ဆူညံသံများကြောင့် အနှောင့်အယှက်ဖြစ်ကာ ပညာသင်ကြားနေ ကြရ ပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၄) ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ် ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၆၈)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။

ရပ်သာကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စာသင်ကျောင်းဆောင်(၃)ဆောင် ရှိပါသည်။ အဆိုပါ ကျောင်းဆောင်(၃)ဆောင်ထဲမှ ကျောင်းဆောင်တစ်ဆောင်သည် အလွန်ဟောင်းနွမ်းနေပြီး ဝါးဖြင့်ဆောက်လုပ်ထားသော အကာအရံနှင့် အမိုးမှာသံဖြူအမိုး ဖြစ်ပါသည်။ အခြားကျောင်းဆောင်တွင်လည်း နံရံမရှိသောကြောင့် ကျောင်းသူ ကျောင်းသားများသည် လေဒဏ်မိုးဒဏ်များ ကြုံတွေ့နေရပါသည်။ ဖော်ပြပါ အခြေအနေများရှိနေသော်လည်း သင့်တင့် သော စာသင်ခန်းများမရှိခြင်းကြောင့် ကျောင်းသူကျောင်းသားများသည် အဆိုပါကျောင်းဆောင်များတွင် ပညာသင်ကြား နေကြရပါသည်။ သင့်တင့်လျောက်ပတ်ပြီး လုံခြုံစိတ်ချရသော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၅)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော ထစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ် ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင် ကြားနေကြသော ကျောင်းသူကျောင်းသား(၃၄၉)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၆၉)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၃၉)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက်အ အုံ စီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။