ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကချင်၊ ကယားနှင့် ချင်းပြည်နယ်တို့တွင် စာသင်ကျောင်းလေးကျောင်း ဆောက်လုပ်ခြင်းအတွက် (အမေရိကန်ဒေါ်လာ ၆၁ဝ,၉၁ဝ) ထောက်ပံ့မှု
၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် ကချင်၊ ကယားနှင့် ချင်းပြည်နယ်တို့မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေး သဘောတူ စာချုပ်များကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၆၁ဝ,၉၁ဝ)ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-

၁။ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လေယာဉ်ကွင်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၂၁၆,ဝ၆၉)၊
၂။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ အောင်သာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၅၂,၄ဝ၈)၊
၃။ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ခုတ်လော အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၅၁,၃၈၁) နှင့်
၎။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ စမ္မသားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၉၁,ဝ၅၂) တို့ဖြစ်ကြပါသည်။

လေယာဉ်ကွင်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းသည် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် တည်ရှိပါသည်။ လွန်ခဲ့သောနှစ်ပေါင်း(၄ဝ)ခုနှစ်က တည်ဆောက်ခဲ့သည့် စာသင်ကျောင်းဆောင်တစ်ဆောင်မှာ ဆိုးရွားစွာ ယိုယွင်းပျက်စီး လျက်ရှိပါသည်။ သို့သော် ကျောင်းသူကျောင်းသား(၃ဝဝ)ကျော်သည် သင့်လျော်သော စာသင်ခန်းမရှိသောကြောင့် အဆိုပါကျောင်းဆောင်တွင် ပညာသင်ကြားနေကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ် လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၈)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၉၆၈)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

အောင်သာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းဆောင်(၃)ဆောင်ရှိပါသည်။ လွန်ခဲ့သောနှစ်ပေါင်း (၃၂)ခုနှစ်က တည်ဆောက်ခဲ့သည့် စာသင်ကျောင်းဆောင်တစ်ဆောင်မှာ ဆိုးရွားစွာ ဆွေးမြည့်ပျက်စီးလျက်ရှိပါသည်။ အ ခြားကျောင်းဆောင်တစ်ဆောင်မှာ ဝါးနှင့်သွပ်မိုးဖြင့် ဆောက်လုပ်ထားသော ယာယီဆောင်တစ်ဆောင်ဖြစ်ပါသည်။ သို့ သော် သင့်လျော်သောစာသင်ခန်းမရှိသောကြောင့် ကျောင်းသူကျောင်းသားများသည် အဆိုပါကျောင်းဆောင်များထဲတွင် ပညာသင်ကြားနေကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်း ဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၃၂၈)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ခုတ်လော အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စာသင်ခန်းအရေအတွက် မလုံလောက်သောကြောင့် ရွာသူရွာ သားများသည် ယာယီကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ခဲ့ကြပါသည်။ အဆိုပါယာယီဆောင်တွင် သင့်လျော်သော နံရံများနှင့် မျက်နှာကျက်များမရှိသောကြောင့် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားနေစဉ်အတွင်း လေဒဏ် မိုးဒဏ်များ ကြုံတွေ့နေကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရ က စာသင်ခန်း(၄)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁ဝ၈)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။

စမ္မသားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သည် အနီးပတ်ဝန်းကျင်ကျေးရွာ(၉)ရွာတွင် တစ်ခုတည်းသော အထက်တန်းကျောင်း(ခွဲ)တစ်ကျောင်း ဖြစ်ပါသည်။ ထို့ကြောင့် အခြားသောကျောင်းများမှ မူလတန်းအဆင့်နှင့် အလယ် တန်းအဆင့်များ အောင်မြင်ပြီးစီးသွားသော ကျောင်းသူကျောင်းသားများသည် ဤအထက်တန်းကျောင်း(ခွဲ)သို့ လာ ရောက်၍ ပညာသင်ကြားကြရပါသည်။ သို့သော် လက်ရှိစာသင်ကျောင်းဆောင်(၂)ဆောင်တွင် ကျောင်းသူကျောင်းသား အားလုံး ပညာသင်ကြား၍ မရနိုင်သောကြောင့် ရွာသူရွာသားများသည် ယာယီကျောင်းဆောင်(၃)ဆောင် ဆောက်လုပ်ခဲ့ ကြပါသည်။ အဆိုပါ ယာယီကျောင်းဆောင်များဖွဲ့စည်းပုံမှာ အလွန်ထိခိုက်လွယ်ပြီး သင့်လျော်သောနံရံများနှင့် မျက်နှာ ကျက်များမရှိသောကြောင့် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားနေကြစဉ်အတွင်း လေဒဏ်မိုးဒဏ်များ ကြုံ တွေ့နေကြရပါသည်။ သင့်တင့်လျောက်ပတ်ပြီး လုံခြုံစိတ်ချရသော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန် အစိုးရက စာသင်ခန်း(၄)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူ ကျောင်းသား(၁၇၂)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၇၆)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၄၆)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက်အ အုံ စီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။