
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် မကွေးတိုင်းဒေသကြီးမှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူစာချုပ်များအရ ဂျပန်နိုင်ငံ အစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၆၆၇,၉၂၆)ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-
၁။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၅) သီလရှင်သင်ပညာရေး အလယ်တန်းကျောင်း ဆောက်လုပ်ရေး
စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၈၆,ဝ၉၁)၊
၂။ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၃၅,၉ဝ၆)၊
၃။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျောက်မဆင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ် ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၃၅,ဝ၁၇) နှင့်
၎။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၃)ပုဗ္ဗာရုံ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း
ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၂၁ဝ,၉၁၂) တို့ဖြစ်ကြပါသည်။
အမှတ်(၅) သီလရှင်သင်ပညာရေး အလယ်တန်းကျောင်းသည် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် တည်ရှိပါသည်။ အဆိုပါကျောင်းတွင် ကျောင်းဆောင်(၅)ဆောင်ရှိသော်လည်း ကျောင်းဆောင်တစ်ဆောင်မှာ ဝါးနှင့် သွပ်မိုးဖြင့် ဆောက် လုပ်ထားသော ယာယီဆောင်တစ်ဆောင် ဖြစ်ပါသည်။ အခြားကျောင်းဆောင်(၂)ဆောင်မှာလည်း ကျောင်းနံရံမရှိဘဲ သစ်ဖြင့် ဆောက်လုပ်ထားသော ကျောင်းဆောင်ဟောင်းများဖြစ်ကြပြီး ကျောင်းသူကျောင်းသားများသည် ပညာသင်ကြား နေကြစဉ်အတွင်း ရာသီဥတုဒဏ် ခံစားကြရပါသည်။ ထို့ပြင် အဆိုပါကျောင်းဆောင်(၅)ဆောင်တွင် ကျောင်းသူကျောင်း သားအားလုံးအတွက် နေရာလုံလောက်မှုမရှိသောကြောင့် သူငယ်တန်းကျောင်းသူကျောင်းသားများသည် ဘာသာရေး အဆောက်အအုံတစ်ခုတွင် ပညာသင်ကြားနေကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ် လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၁ဝ)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၅၄ဝ)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
လယ်မကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းဆောင်(၄)ဆောင်ရှိပါသည်။ အဆိုပါ ကျောင်းဆောင် များထဲတွင် လွန်ခဲ့သောနှစ်ပေါင်း(၃ဝ)ခုနှစ်က တည်ဆောက်ခဲ့သော ကျောင်းဆောင်တစ်ဆောင်သည် ဆိုးရွားစွာ ဆွေးမြည့်ပျက်စီးလျက်ရှိပါသည်။ အခြားကျောင်းဆောင်(၂)ဆောင်မှာ ဝါးနှင့် သက်ငယ်မိုးဖြင့် ဆောက်လုပ်ထားသော ယာယီဆောင်များ ဖြစ်ကြပါသည်။ ဤကဲ့သို့ အခြေအနေများရှိနေသော်လည်း သင့်လျော်သောစာသင်ခန်းများ မရှိသော ကြောင့် ကျောင်းသူကျောင်းသားများသည် အဆိုပါကျောင်းဆောင်များတွင် ပညာသင်ကြားနေကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၈)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန် အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၄၁၄)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ကျောက်မဆင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သည် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် တည်ရှိပါ သည်။ အဆိုပါကျောင်းသည် မူလတွင် ကျောက်မဆင်ကျေးရွာ၏ အခြားနေရာတစ်ခု၌တည်ရှိခဲ့သော်လည်း ၂ဝ၁၆ ခုနှစ် ရေကြီးမှုကြောင့် ကျောင်းဆောင်ပြိုကျခဲ့ပြီးသည့်နောက် ယခုလက်ရှိကျောင်းနေရာသို့ ပြောင်းရွှေ့ခဲ့ရပါသည်။ ယခုလက်ရှိ နေရာတွင် ကျောင်းဆောင်(၃)ဆောင်ရှိသော်လည်း အဆိုပါကျောင်းဆောင်(၃)ဆောင်မှာ ဝါးနှင့် သက်ငယ်မိုးဖြင့် ဆောက် လုပ်ထားသော ယာယီဆောင်များဖြစ်သည့်အတွက် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားနေကြစဉ်အတွင်း လေဒဏ်မိုးဒဏ်များ ကြုံတွေ့နေကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူ ကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်း ကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၈၇)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
အခြားကျောင်းတစ်ကျောင်းဖြစ်သော အမှတ်(၁၃)ပုဗ္ဗာရုံ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းတွင် အတန်း (၄)တန်းမှ ကျောင်းသူကျောင်းသားများသည် ကျောင်းဆောင်မရှိသောကြောင့် ဘာသာရေးအဆောက်အအုံနှင့် စာကြည့် တိုက်ကို စာသင်ခန်းများအဖြစ် အသုံးပြုကာ ပညာသင်ကြားကြရပါသည်။ ကျောင်းဆောင်(၄)ဆောင်ရှိသော်လည်း အဆို ပါ ကျောင်းဆောင်များမှာ အလွန်ဟောင်းနွမ်းပျက်စီးနေပြီး အချို့သောကျောင်းဆောင်များတွင် နံရံမရှိသောကြောင့် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားနေကြစဉ်အတွင်း လေဒဏ်မိုးဒဏ်များ ကြုံတွေ့နေကြရပါသည်။ သင့် တင့်လျောက်ပတ်ပြီး လုံခြုံစိတ်ချရသော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၁ဝ) ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ် ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၈၄)ဦး အကျိုး ခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၈ဝ)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅ဝ)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက်အ အုံ စီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |