ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဆောက်လုပ်ပြီးစီးခဲ့သော ရေဘေးဒဏ်ခံခဲ့ရသည့် စာသင်ကျောင်း(၄)ကျောင်း
၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ (၃၈၆,၉၂၉) ကို အောက်ဖော်ပြပါစီမံကိန်းများအတွက် ထောက်ပံ့ပေးခဲ့ပါ သည်။

၁) မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေး စီမံကိန်း အမေရိကန်ဒေါ်လာ (၁ဝ၆,၈၈၈)၊
၂) မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ အောင်းကျေးရွာ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေးစီမံကိန်း အမေရိကန်ဒေါ်လာ (၉၃,၈ဝ၆)၊
၃) မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ သံဆည်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက် လုပ်ရေးစီမံကိန်း အမေရိကန်ဒေါ်လာ (၈၉,၆၆၃) နှင့်
၎) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အောက်ရင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း အမေရိကန်ဒေါ်လာ (၉၆,၅၇၂) တို့ဖြစ်ကြပါသည်။

ဖော်ပြပါစီမံကိန်း(၄)ခုသည် မြန်မာနိုင်ငံအစိုးရက ဂျပန်နိုင်ငံအစိုးရသို့ ရေဘေးဒဏ်ခံခဲ့ရသော ကျောင်းပေါင်း(၄၉၃) ကျောင်း ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးရန် မေတ္တာရပ် ခံခဲ့သော စာသင်ကျောင်းများတွင် ပါဝင်ပါသည်။

အထက်ပါစီမံကိန်း(၄)ခုအတွက် ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ လ ၂၃၊ ၂၄ နှင့် ၂၅ ရက်နေ့များ တွင် စေတုတ္တရာနှင့်ကန်ပက်လက်မြို့နယ်များ၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနား များသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဒုတိယအတွင်းဝန် Mr. Yumeto ITO ၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ မကွေးတိုင်းဒေသကြီးနှင့် ချင်း ပြည်နယ်ပညာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆောက်လုပ်ရေးစီမံကိန်းများမှ ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင် များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။

အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းသည် မြေနိမ့်ပိုင်းတွင်တည်ရှိသောကြောင့် စာသင်ကျောင်းသည် ရေကြီးမှု ဒဏ်များကို ကာလကြာရှည်စွာရင်ဆိုင်ခဲ့ရပါသည်။ ၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော မြစ်ရေကြီးမှုကြောင့် စာသင် ကျောင်းဆောင်ထိခိုက်ခဲ့ပြီး ဆိုးရွားစွာပျက်စီးခဲ့ပါသည်။ စာသင်ကျောင်းအဆောက်အအုံမရှိသောကြောင့် ကျောင်းသူ ကျောင်းသားများအားလုံးသည် အဆိုပါပျက်စီးနေသော ကျောင်းဆောင်အတွင်းရှိ စာသင်ခန်းများတွင် ကျပ်ကျပ်တည်း တည်း ပညာသင်ကြားခဲ့ရပါသည်။ ကောင်းမွန်လုံခြုံသော ကျောင်းပတ်ဝန်းကျင်တစ်ခုဖန်တီးပေးရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိ ကျောင်းသူကျောင်းသား(၁၉၆)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

အောင်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၏ ကျောင်းဆောင်မှာ ၂ဝ၁၅ ခုနှစ်ရေကြီးမှုဒဏ်ကြောင့် လုံးဝပျက်စီး သွားခဲ့ပါသည်။ ကျောင်းဆောင်သစ်တည်ဆောက်ခဲ့သော်လည်း စာသင်ခန်းများ လုံလောက်မှုမရှိခဲ့ပါ။ ထို့ကြောင့် အတန်း ငါးတန်းမှ ကျောင်းသူကျောင်းသားများသည် ခန်းဖွဲ့မရှိသော စာသင်ခန်းတစ်ခန်းအတွင်းတွင် ပညာသင်ကြား ခဲ့ရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်ကောင်းတစ်ခုကို ထောက်ပံ့ပေးရန် ဂျပန်အစိုးရက စာသင်ခန်း(၄)ခန်း နှင့် ကျောင်းပရိဘောဂအပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါ သည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိ ကျောင်းသူကျောင်းသား(၆ဝ)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

သံဆည်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သည် ၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော ရေဘေးဒဏ် ကြောင့် ကျောင်းဆောင်(၃)ဆောင်မှာ ပေ(၂ဝ)အထိမြင့်တက်ခဲ့သော ရေဘေးဒဏ်ကြောင့် ရေနစ်မြုပ်ခဲ့ရပြီး ထိုကျောင်း ဆောင်များထဲမှ ကျောင်းဆောင်တစ်ဆောင်မှာ ပြိုကျပျက်စီးလုနီးပါးဖြစ်ခဲ့ရပါသည်။ တဆက်တည်းမှာပင် ကျောင်းသူ ကျောင်းသားအချို့မှာ လေဒဏ်မိုးဒဏ်ထိတွေ့ခံစားရသော ယာယီကျောင်းဆောင်တစ်ဆောင်အတွင်း၌ ပညာသင်ကြားခဲ့ ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းပရိဘောဂ အပြည့်အစုံပါဝင် သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိ ကျောင်းသူကျောင်းသား(၁၉၃)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

အောက်ရင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းသည် မြစ်နှစ်မြစ်ဆုံသောနေရာတွင် တည်ရှိသောကြောင့် ရေကြီးမှု ဒဏ်များကို ကာလကြာရှည်စွာရင်ဆိုင်ခဲ့ရပါသည်။ ကျောင်းဆောင်သည် ၂ဝ၁၅ ခုနှစ် ရေဘေးဒဏ်ကြောင့် ရေနှင့်အတူ မျောပါသွားခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားအားလုံးသည် သင့်တော်သောခန်းဖွဲ့နှင့် ပရိဘောဂများမရှိ သော အနီးရှိဘုရားကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားခဲ့ရပါသည်။ ကောင်းမွန်လုံခြုံသော ကျောင်းပတ်ဝန်းကျင် တစ်ခုဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်း(၃)ခန်း၊ ကျောင်းပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်းများပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိ ကျောင်းသူ ကျောင်းသား(၄ဝ)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ထို့အတူ ဂျပန်နိုင်ငံသည် ပြီးခဲ့သောဘေး အန္တရာယ်များမှ သင်ခန်းစာများရယူကာ “ပိုမိုကောင်းမွန်အောင်ပြန်လည်တည်ဆောက်ခြင်း” ဆိုသော အယူအဆကို တစ် ကမ္ဘာလုံး၌ပျံ့နှံ့သွားစေရန် မိတ်ဆက်ခဲ့ပါသည်။ “ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ခြင်း” ဆိုသည်မှာ သဘာဝ ဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများလျှော့ချနိုင်ရန် သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ အချိန်ကထက် လူမှုအဖွဲ့အစည်းကို ပိုမိုခိုင်မာကောင်းမွန်လာအောင် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပါသည်။ ဤအတွေး အခေါ်အပေါ်အခြေခံ၍ ဂျပန်အစိုးရအနေဖြင့် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းအ ဆောက်အအုံအသစ်များကို ရေကြီးစဉ်ကာလကထိခိုက်ပျက်စီးခဲ့ရသော ကျောင်းအဆောက်အအုံထက် ပိုမိုတောင့်တင်း ခိုင်မာအောင် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၄၂)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၁၄)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့် မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက်အအုံစီမံ ကိန်းပေါင်း(၅၄)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက် ရှိပါသည်။