မဲခေါင်-ဂျပန် ဆက်ဆံရေးနှစ် ၂၀၁၉ နှင့် ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) ရုံးခန်းဖွင့်လှစ်ခြင်းတို့ကို ဂုဏ်ပြုခြင်း
"မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော် သံစုံတီးဝိုင်းနှင့် ဂျပန်ရိုးရာ ဂီတပညာရှင်များက အတူဖျော်ဖြေကြမည့် တေးဂီတပွဲ"

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနတို့မှ အတူ ပူးပေါင်းပြီး "မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော် သံစုံတီးဝိုင်းနှင့် ဂျပန်ရိုးရာ ဂီတပညာရှင်များက အတူဖျော်ဖြေကြမည့် တေးဂီတပွဲ" ကို ရန်ကုန်မြို့၌ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့နှင့် နေပြည်တော်မြို့၌ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တို့တွင် ကျင်းပသွားမည် ဖြစ်ပါသည်။

မဲခေါင်-ဂျပန် ဆက်ဆံရေးနှစ် ၂၀၁၉ နှင့် ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) ရုံးခွဲဖွင့်လှစ်ခြင်းတို့ကို ဂုဏ်ပြုသောအားဖြင့် ဂျပန်ရိုးရာပညာရှင် ၄ ဦးတို့ကို အထူးဖိတ်ကြားကာ၊ ဂျပန်ရိုးရာတူရိယာများ နှင့် သံစုံတီးဝိုင်းတို့အပြင် မြန်မာ့ရိုးရာတူရိယာများနှင့်အတူ ပြုလုပ်မည့် တေးဂီတပွဲကို မြန်မာလူမျိုးများ ကြိုက်နှစ်သက်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

ဝင်ကြေး အခမဲ့ဖြစ်ပြီး မည်သူမဆို လာရောက် နားဆင်နိုင်သည့်အတွက် မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများ နှင့်အတူ လာရောက်ကြရန် ဖိတ်ခေါ်ပါသည်။

၁။နေ့ရက်နှင့်နေရာ
၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ (သောကြာနေ့) ညနေ ၆နာရီ - အမျိုးသားကဇာတ်ရုံ (National Theatre)၊ရန်ကုန်
၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ညနေ ၆နာရီ - MICC2 နေပြည်တော်

၂။အစီအစဉ်
Beethoven တေးသွားနံပါတ်(၅)၊ Rachmaninoff စန္ဒရား အပိုဒ် ၂ (ပထမ တေးသွား)၊ ဂျပန်ရိုးရာအက၊ Yagi အဖွဲ့၏ ကပြတင်ဆက်မှု၊ ရွှေဘိုသနပ်ခါး အစရှိသည်တို့

၃။စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
အမှတ်(၁၀၀)၊နတ်မောက်လမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
ဖုန်း၊ ၀၁ ၅၄၉၆၄၄ ~ ၄၈