ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စာသင်ကျောင်းသုံးကျောင်းဆောက်လုပ်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၂၈၁,၅၉၂ ထောက်ပံ့မှု
၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ သံအမတ်ကြီး Mr. Tateshi HIGUCHI နှင့် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းသုံးခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရ သည် ၎င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၂၈၁,၅၉၂) ကို ထောက် ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကြို့ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ် ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၅၃,၄၈၆)၊
၂။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သပြေကန်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၈ဝ,၄၁ဝ) နှင့်
၃။ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဖြူတွင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၄၇,၆၉၆) တို့ဖြစ်ကြပါသည်။

ကြို့ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သည် သင့်တင့်လျောက်ပတ်သော စာသင်ခန်းများချို့တဲ့မှုနှင့် ကြုံတွေ့ခဲ့ရပါသည်။ အဆိုပါကျောင်းတွင် ဝန်ထမ်းအိမ်ယာတစ်ခုအပါအဝင် စာသင်ကျောင်းဆောင်(၄)ဆောင် ရှိသော် လည်း ကျောင်းသူကျောင်းသားများသည် ဆိုးရွားစွာဆွေးမြေ့နေသော ကျောင်းဆောင်တစ်ဆောင်အတွင်း၌ ပညာသင် ကြားကြရပါသည်။ အဆိုပါအခက်အခဲများကို ဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၃)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၃၃၉)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

သပြေကန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းဆောင်တစ်ဆောင်ကို ၁၉၈၆ ခုနှစ်တွင် ဆောက် လုပ်ခဲ့ပါသည်။ အဆိုပါကျောင်းဆောင်တွင် နံရံများ၌အပေါက်များ၊ ဆွေးမြေ့နေသောတိုင်များရှိနေသော်လည်း သင့်တော် သော စာသင်ခန်းများမလုံလောက်မှုကြောင့် ကျောင်းသူကျောင်းသားများသည် ထိုကျောင်းဆောင်တွင် ပညာသင်ကြားကြ ရပါသည်။ ထို့ပြင် အတန်းနှစ်တန်းမှ ကျောင်းသူကျောင်းသားများသည် အခြားကျောင်းဆောင်ရှိ စာသင်ခန်းတစ်ခန်း အတွင်းတွင် ပညာသင်ကြားကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ထောက်ပံ့ပေးရန် ဂျပန် အစိုးရက စာသင်ခန်း(၄)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာ သင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၉၇)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ဖြူတွင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းတွင် သင့်တင့်လျောက်ပတ်သော ကျောင်း ဆောင်မရှိပါ။ ပထမတန်းမှအဋ္ဌမတန်းရှိ ကျောင်းသူကျောင်းသားများသည် ဝါးဖြင့်ဆောက်လုပ်ထားသော ယာယီကျောင်း ဆောင်(၂)ဆောင်အတွင်း၌ ပညာသင်ကြားနေရပါသည်။ ဆိုးရွားသောအခြေအနေမှာ သူငယ်တန်းကျောင်းသူကျောင်း သားများသည် နားနေသောနေရာတစ်ခု၌ ပညာသင်ကြားကြရပြီး နဝမတန်းကျောင်းသူကျောင်းသားများမှာ ကားဂိုဒေါင် တစ်ခုအတွင်းတွင် ပညာသင်ကြားနေရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၁ဝ)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂများ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူ ကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်း ကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁၇၁)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၄၉)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၂၁)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက်အ အုံ စီမံကိန်းပေါင်း(၅၄)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။