
၂၀၁၈ခုနှစ် ပထမအကြိမ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)အတွက် လျှောက်လွှာလက်ခံခြင်း

မြန်မာနိုင်ငံတွင်ကျင်းပမည့် [၂၀၁၈ခုနှစ် ပထမအကြိမ် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ(JLPT)] အား ဇူလိုင်လ ၁ရက်နေ့(တနင်္ဂနွေနေ့) ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပမည်ဖြစ်ပါသည်။
စာမေးပွဲဝင်ရောက် ဖြေဆိုမည့်သူများမှာ အောက်ပါ အချက်အလက်များကိုလေ့လာပြီး လျှောက်ထားနိုင်ပါသည်။
※ရန်ကုန်တွင် ဖြေဆိုမည့်သူများမှာ ရန်ကုန်(MAJA Center)နှင့် မန္တလေးတွင် ဖြေဆိုမည့်သူများမှာ မန္တလေး(HITO Center)တွင်သာ လျှောက်ထားရမည် ဖြစ်ပါသောကြောင့် သတိပြုပါရန်ဖြစ်ပါသည်။
※ရန်ကုန်မြို့တွင် ယခုအချိန်မှစပြီး လျှောက်လွှာ လက်ခံခြင်းနှင့် Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ပြန်ထုတ်ရမည့် နေ့ရက်များကို ခွဲခြားလက်ခံသွားပါမည်။ (မန္တလေးမြို့တွင် လျှောက်လွှာ လက်ခံခြင်းနှင့် Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ပြန်ထုတ်ခြင်းကို တစ်နေ့တည်း၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။)
※ယခုနှစ်မှစတင်ပြီး စာမေးပွဲကြေးများကို ပြောင်းလဲ သတ်မှတ်လိုက်ပါသည်။
စာမေးပွဲဝင်ရောက် ဖြေဆိုမည့်သူများမှာ အောက်ပါ အချက်အလက်များကိုလေ့လာပြီး လျှောက်ထားနိုင်ပါသည်။
※ရန်ကုန်တွင် ဖြေဆိုမည့်သူများမှာ ရန်ကုန်(MAJA Center)နှင့် မန္တလေးတွင် ဖြေဆိုမည့်သူများမှာ မန္တလေး(HITO Center)တွင်သာ လျှောက်ထားရမည် ဖြစ်ပါသောကြောင့် သတိပြုပါရန်ဖြစ်ပါသည်။
※ရန်ကုန်မြို့တွင် ယခုအချိန်မှစပြီး လျှောက်လွှာ လက်ခံခြင်းနှင့် Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ပြန်ထုတ်ရမည့် နေ့ရက်များကို ခွဲခြားလက်ခံသွားပါမည်။ (မန္တလေးမြို့တွင် လျှောက်လွှာ လက်ခံခြင်းနှင့် Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ပြန်ထုတ်ခြင်းကို တစ်နေ့တည်း၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။)
※ယခုနှစ်မှစတင်ပြီး စာမေးပွဲကြေးများကို ပြောင်းလဲ သတ်မှတ်လိုက်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်နေ့ရက်
၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၁ရက်(တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့
၃။ လျှောက်လွှာလက်ခံမည့်နေရာ
(၁) ရန်ကုန်
နေရာ။ MAJAစင်တာ(ပထမထပ်၊တိုက်စီ၊ပုလဲကွန်ဒို၊ကမ္ဘာအေးဘုရားလမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့)
(က) လျှောက်လွှာရောင်းချမည့်နေ့ရက်၊အချိန်။ ဖေဖော်ဝါရီလ ၂၁ရက်(ဗုဒ္ဓဟူး)မှ မတ်လ ၁ရက်(ကြာသပတေး) အထိ နံနက်၉း၃၀မှညနေ၄း၃၀အထိ (နေ့လည်၁၂း၀၀မှ၁း၀၀ထိနားချိန်)
(ခ) လျှောက်လွှာလက်ခံမည့်နေ့ရက်၊အချိန်။ မတ်လ ၅ရက်(တနင်္လာ)မှ မတ်လ၁၂ရက်(တနင်္လာ) အထိ နံနက်၉း၃၀မှညနေ၄း၃၀အထိ (နေ့လည်၁၂း၀၀မှ၁း၀၀ထိနားချိန်)
(ဂ) Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ပြန်ထုတ်ရမည့်နေ့ရက်၊အချိန်။ မတ်လ ၁၃ရက်(အင်္ဂါ)မှ မတ်လ၃၀ရက်(သောကြာ) အထိ နံနက်၉း၃၀မှညနေ၄း၃၀အထိ (နေ့လည်၁၂း၀၀မှ၁း၀၀ထိနားချိန်)
(၂) မန္တလေး
နေရာ။ HITOစင်တာ(၁၂လမ်းနှင့်၈၀လမ်းထောင့်၊မန္တလေးမြို့)
(က) လျှောက်လွှာရောင်းချမည့်နေ့ရက်၊အချိန်။ ဖေဖော်ဝါရီလ ၂၆ရက်(တနင်္လာ)မှ မတ်လ ၂ရက်(သောကြာ) အထိ နံနက်၉း၃၀မှညနေ၄း၃၀အထိ (နေ့လည်၁၂း၀၀မှ၁း၀၀ထိနားချိန်)
(ခ) လျှောက်လွှာလက်ခံခြင်းနှင့် Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ပြန်ထုတ်ရမည့်နေ့ရက်၊အချိန်။ မတ်လ ၂ရက်(သောကြာ)မှ မတ်လ၅ရက်(တနင်္လာ) အထိ နံနက်၉း၃၀မှညနေ၄း၃၀အထိ (နေ့လည်၁၂း၀၀မှ၁း၀၀ထိနားချိန်)
၎။ စာမေးပွဲကြေး ယခုနှစ်မှစတင်ပြီး စာမေးပွဲကြေးများကို ပြောင်းလဲ သတ်မှတ်လိုက်ပါသည်။
စာမေးပွဲကြေးကို မြန်မာကျပ်ငွေဖြင့်သာ လက်ခံပါမည်။ ဂရုပြုကြပါရန်။
N1, N2, N3: - ၂၅,၀၀၀ကျပ်
N4, N5: - ၂၀,၀၀၀ကျပ်
စာမေးပွဲဝင်ခွင့်လျှောက်ထားနည်း
အောက်ပါနည်းလမ်း၂သွယ်ဖြင့်လျှောက်ထားနိုင်ပါသည်။
(၁) အမှတ်စဉ်(၃)တွင်ဖော်ပြထားသည့်နေရာများတွင်တစ်စောင်လျှင်(၁၀၀၀ကျပ်)ဖြင့်ဝယ်ယူပြီး လက်ရေး ဖြင့်လိုအပ်သည့်အချက်များဖြည့်သွင်းပြီးလျှောက်ထားနိုင်ပါသည်။
(၂) Homepage မှ Downloadလုပ်ပြီး ရယူထားသည့် လျှောက်လွှာတွင် ကွန်ပြူတာဖြင့် လိုအပ်သည့်အချက်ကိုဖြည့်သွင်းပြီး ဖော်ပြပါအီးမေးလ်လိပ်စာသို့ Attachment တွဲပြီးပေးပို့လျှောက်ထားနိုင်ပါသည်။
လက်ခံရရှိကြောင်းအီးမေးလ်ကို ၂၄နာရီအတွင်း MAJAမှ အကြောင်းကြားပေးမည်ဖြစ်ပါသည်။
● ၂၀၁၈ခုနှစ် ပထမအကြိမ်ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲလမ်းညွှန်
● လျှောက်လွှာ
၆။ စာမေးပွဲအဆင့်နှင့်စာမေးပွဲမေးခွန်းနမူနာ
(၁) စာမေးပွဲဖြေဆိုမည့်သူများမှာဖြေဆိုမည့်အဆင့်နှင့်ပတ်သက်၍ဝေခွဲမရပါက အောက်ပါ[ဂျပန်ဘာသာအရည် အချင်းစစ်Miniစာမေးပွဲ]၊ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲတရားဝင်Homepage တွင်ရှိသည့် [မေးခွန်း နမူနာကိုဖြေဆိုကြည့်ရအောင်]၊[တရားဝင်ထုတ်ပြန်ထားသည့်မေးခွန်းအစုံ]တို့ကို အခမဲ့အသုံးပြုနိုင်သည့် အတွက် မပျက်မကွက် စမ်းသပ်ကြည့်စေချင်ပါသည်။
● ဂျပန်ဘာသာအရည်အချင်းစစ်Miniစာမေးပွဲ
・N1レベル(N1 Level)
・N2レベル(N2 Level)
・N3レベル(N3 Level)
・N4レベル(N4 Level)
・N5レベル(N5 Level)
●မေးခွန်းနမူနာကိုကြိုးစားကြည့်ရအောင်(FLASH)
●ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲတရားဝင်မေးခွန်းအစုံ(PDF,MP3)
※ Listing အတွက်အသံဖိုင်(MP3)လဲရှိပါသည်။ မေးခွန်းပုံစံနှင့်အသံဖိုင်ကိုအခမဲ့Downloadရယူနိုင်ပါသည်။
●ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲကိုယ်တိုင်အကဲဖြတ်ခြင်း List
●ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲကိုယ်တိုင်အကဲဖြတ်ခြင်းList ဤListမှာ [ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ၏အဆင့်ပေါင်းစုံမှ အောင်မြင်ခဲ့သည့်သူများမှ ဂျပန်ဘာသာကို အသုံးပြု၍ မည်သည့်အရာများပြုလုပ်နိုင်သည်ကို စဉ်းစားနေသည်] ကိုစာမေးပွဲဖြေဆိုခဲ့သည်သူများ၏ ကိုယ်တိုင်အကဲဖြတ်စစ်တမ်း ရယူထားသည့်ရလဒ်ကိုအခြေခံ၍ စုစည်းထားသည့်အရာဖြစ်ပါသည်။ စာမေးပွဲဖြေဆိုမည့် သူများနှင့် ပတ်ဝန်းကျင်ရှိသူများမှ [ဤ Levelတွင်အောင်မြင်ခဲ့သူမှာ ဂျပန်ဘာသာကိုအသုံးပြု၍မည်သည့်အရာများ လုပ်ဆောင်နိုင်မည်]ဆိုသည့် ပုံရိပ်ကိုဖော်ဆောင်နိုင်ရန် ကိုးကားစရာသတင်းအချက်အလက်အဖြင့်ကိုးကားနိုင်ပါသည်။(Listမှာ ဂျပန်ဘာသာ၊အင်္ဂလိပ်ဘာသာ၊တရုတ်ဘာသာ၊ကိုရီးယားဘာသာ၊ဗီယက်နမ်ဘာသာ၊ အင်ဒို နီးရှားဘာသာဖြင့်ဖော်ပြထားပါသည်။)
(၂) စာမေးပွဲနှင့်ပတ်သက်၍ မေးလေ့မေးထရှိသည့်မေးခွန်းမှာ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ Homepageထဲမှ [မေးလေ့မေးထရှိသည့်မေးခွန်း] ထဲတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၇။ စုံစမ်းမေးမြန်းခြင်း
(၁) လျှောက်လွှာတင်ခြင်းနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလိုပါက
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
ဖုန်း။ 09-428612151, 09-262602121
(၂) စာမေးပွဲနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလိုပါက
ဂျပန်ဖောင်ဒေးရှင်း၊ဂျပန်ဘာသာစာမေးပွဲကျင်းပရေးစင်တာ