ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ပဲခူးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စာသင်ကျောင်းသုံးကျောင်း ဆောက်လုပ်ပြီးစီးခဲ့
၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၂၈၈,၂၈၈ ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-

၁) ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ငှက်ပျောတောကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ် ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁ဝ၁,ဝ၇၁) ၊
၂) မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁ဝဝ,၃၈ဝ) နှင့်
၃) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ် ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၈၆,၈၃၇) တို့ဖြစ်ကြပါသည်။

စီမံကိန်းနံပါတ် ၁ သည် မြန်မာနိုင်ငံအစိုးရက ဂျပန်နိုင်ငံအစိုးရသို့ ရေဘေးဒဏ်ခံခဲ့ရသော ကျောင်းပေါင်း(၄၉၃) ကျောင်း ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးရန် မေတ္တာရပ်ခံခဲ့သော စာသင်ကျောင်းများတွင် ပါဝင်ပါသည်။

အထက်ပါ စီမံကိန်းများအတွက် စာသင်ကျောင်းသုံးကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၄၊ ၁၅ နှင့် ၁၆ ရက်နေ့တို့တွင် ပဲခူးနှင့် မကွေးတိုင်းဒေသကြီးများ၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်း အနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ပထမအတွင်းဝန် Mr. Tadashi NODA ၊ လက်ပံတန်းမြို့နယ် မဲဆန္ဒနယ် ပဲခူးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း၊ မကွေးတိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီး ဦးဇော်မင်း၊ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ငှက်ပျောတောကျးရွာ အခြေခံပညာမူလတန်းကျောင်းတွင် (၁၉၇ဝ) ခုနှစ်က တည်ဆောက်ခဲ့သည့် ခြေတံရှည်ကျောင်း ဆောင်တစ်ဆောင်ရှိခဲ့သော်လည်း အဆိုပါကျောင်းဆောင်သည် (၂ဝ၁၅) ခုနှစ် ရေကြီးမှုကြောင့် ရေမြုပ်ခဲ့ပြီး ယိုယွင်း ပျက်စီးခဲ့ပါသည်။ အဆိုပါကျောင်းဆောင်သည် ပြိုကျလုနီးပါးဖြစ်ခဲ့သော်လည်း အခြားကျောင်းဆောင်မရှိသောကြောင့် ကျောင်းသူကျောင်းသားများသည် ၄င်းကျောင်းဆောင်ထဲတွင်ပင် ဆက်လက်၍ ပညာသင်ကြားခဲ့ကြရပါသည်။ လုံခြုံ စိတ်ချရသော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ စာသင်ခန်း(၅)ခန်း၊ လျှောက်လမ်း၊ သန့်စင်ခန်းများ၊ ရေထောက်ပံ့မှုစနစ်နှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁၂၃)ဦး အကျိုး ခံစားကြရမည် ဖြစ်ပါသည်။

တရော်ကုန်းရပ်ကွက် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းဆောင်မှာ (၂ဝ၁၅) ခုနှစ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့ရပါသည်။ စာသင်ခန်းအရေအတွက် မလုံလောက်မှုကြောင့် ကျောင်းသူ ကျောင်းသားအများစုမှာ ခန်းဖွဲ့မရှိသောစာသင်ခန်းတစ်ခန်းအတွင်း ကျပ်ကျပ်တည်းတည်း ပညာသင်ကြားခဲ့ကြရပါ သည်။ အဆိုပါ အခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ် ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြ သော ကျောင်းသူကျောင်းသား (၂၇၃)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ရွာသစ်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စာသင်ကျောင်းဆောင်နှစ်ဆောင် ရှိပါသည်။ သို့သော် သင့်လျော်သောစာသင်ခန်းများ မရှိသောကြောင့် ကျောင်းသူကျောင်းသားဦးရေ(၈ဝ)ကျော်သည် ဝါးဖြင့်ဆောက်လုပ်ထား သည့် ယာယီကျောင်းဆောင်တစ်ဆောင်အတွင်း လေဒဏ်မိုးဒဏ်များ ထိတွေ့ခံစားရကာ ပညာသင်ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၄)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံ ကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂ဝ၂)ဦး အကျိုးခံစားကြရမည် ဖြစ်ပါ သည်။

ဂျပန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ထို့အတူ ဂျပန်နိုင်ငံသည် ပြီးခဲ့သောဘေး အန္တရာယ်များမှ သင်ခန်းစာများရယူကာ “ပိုမိုကောင်းမွန်အောင်ပြန်လည်တည်ဆောက်ခြင်း” ဆိုသော အယူအဆကို တစ် ကမ္ဘာလုံး၌ပျံ့နှံ့သွားစေရန် မိတ်ဆက်ခဲ့ပါသည်။ “ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ခြင်း” ဆိုသည်မှာ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများလျှော့ချနိုင်ရန် သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီအချိန်ကထက် လူမှုအဖွဲ့အစည်းကို ပိုမိုခိုင်မာကောင်းမွန်လာအောင် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပါသည်။ ဤအတွေးအခေါ်အပေါ်အခြေခံ၍ ဂျပန်အစိုးရအနေဖြင့် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းအဆောက်အအုံအသစ်များကို ရေကြီးစဉ်ကာလတွင် ထိခိုက်ပျက်စီးခဲ့ရသော ကျောင်းအဆောက်အအုံထက် ပိုမို တောင့်တင်းခိုင်မာအောင် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၈၃)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅၃)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။