
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် မကွေးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းသုံးခုအတွက် အထောက်အပံ့ ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃၅,၈၃၈ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-
၁။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွာသာကျေးရွာ တံတားဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁ဝ၃,၉၈၈) ၊၂။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်စွန်းကျေးရွာ တံတားဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၉၇,၅၁၈) နှင့်
၃။ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ သံချိတ်ကျေးရွာနှင့် မြို့လှကျေးရွာ တံတားဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၃၄,၂၉၇) တို့ဖြစ်ကြပါသည်။
ရွာသာကျေးရွာတွင် ဒေသခံပြည်သူများသည် ကျောင်းများနှင့်ဆေးရုံများအစရှိသည့် အဆောက်အအုံများကို လက် လှမ်းမီရန်အတွက် ခြေလျင်ဖြတ်သန်းသွားလာကြရပါသည်။ ထို့ပြင် ကောက်ပဲသီးနှံများကို သယ်ယူပို့ဆောင်ရန် အတွက် မော်တော်ယာဉ်များသည် ခြောက်သွေ့သည့်ကာလတွင် ရေကျနေသောအချိန်များ၌ ချောင်းကိုဖြတ်သန်း သွားလာကြရပါသည်။ သို့သော် မိုးရာသီကာလတွင် ရေမျက်နှာပြင်(၂)မီတာအထိ မြင့်တက်လာသောကြောင့် ချောင်းကိုဖြတ်သန်းသွားလာ၍ မရနိုင်တော့ပါ။ အဆိုပါရာသီတွင် ဒေသခံပြည်သူများသည် လူမှုရေးနှင့် စီးပွားရေးဝန် ဆောင်မှုများကို လက်လှမ်းမီနိုင်မှုမရှိတော့ဘဲ ရေကြီးရာတွင်မျောပါလာသော အကျိုးအပဲ့အပျက်အစီးများ ကြောင့် ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အန္တရာယ်နှင့်အဆက်မပြတ် ရင်ဆိုင်နေကြရပါသည်။ စီမံကိန်းအဖွဲ့အစည်းသည် အဆိုပါ ဒေသတွင် အသေးစားအဆောက်အအုံ ဆောက်လုပ်ခြင်းဖြစ်သော လျှောက်လမ်းများဆောက်လုပ်ခြင်းကို အတွေ့ အကြုံများရှိခဲ့ပြီးဖြစ်ရာ ယခုချောင်းကူးတံတားဆောက်လုပ်ရေးကို ဒေသခံပြည်သူများအတွက် ပိုမိုလုံခြုံမှုရှိသော ပတ်ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးနိုင်လိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး လွယ်ကူလက် လှမ်းမီသော ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက (၃၆)မီတာအရှည်၊ (၄.၃)မီတာအကျယ် ရှိသော သံကူကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်း ကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာ(၉)ရွာမှ ဒေသခံပြည်သူ(၇,၃၆၅)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
တောင်စွန်းကျေးရွာတံတားသည် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် တည်ရှိပါသည်။ ၄င်းတံတားကို လွန်ခဲ့သော နှစ်ပေါင်း (၂ဝ)ခန့်က ဒေသခံကျေးရွာသူကျေးရွာသားများ ဆောက်လုပ်ခဲ့သော်လည်း တံတားသည် ခိုင်မာတောင့်တင်းမှုမရှိ တော့သောကြောင့် မော်တော်ယာဉ်ကြီးများဖြတ်သန်းသွားလာ၍ မရနိုင်ပါ။ ရေးမြို့နယ်သည် မိုးရာသီကာလ၌ မိုးသည်း ထန်စွာရွာသွန်းရာတွင် နာမည်ကြီးပါသည်။ အဆိုပါတံတားနှင့် အနီးပတ်ဝန်းကျင်နေရာများကို ဖြတ်သန်းသွားလာ ၍မရသဖြင့် ရွာသူရွာသားများသည် ကျောင်းများနှင့် ကျန်းမာရေးဌာနများစသည့် အဆောက်အအုံများသို့ သွားလာ ရန်လက်လှမ်းမမီနိုင်ပါ။ ထို့ပြင် တံတားအနီးတစ်ဝိုက်တွင် ရာဘာစိုက်ပျိုးရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ် သောနေရာမှ ရာဘာထုတ်ကုန်များသယ်ယူပို့ဆောင်ရန် ၄င်းတံတားကိုအသုံးပြုကြရပြီး တံတားမှာခိုင်မာတောင့်တင်းမှုမရှိသော ကြောင့် ဒေသတွင်းစီးပွားရေးတိုးတက်မှုများကို ဟန့်တားနေသည့်အချက်များထဲမှ တစ်ချက်အပါအဝင်ဖြစ်ပါသည်။ အဆိုပါ အခက်အခဲများကိုဖြေရှင်းရန် ဂျပန်အစိုးရက (၁၂.၂)မီတာအရှည်၊ (၆.၁)မီတာ အကျယ်ရှိသော သံကူကွန် ကရစ်တံတားတစ်စင်းနှင့် (၃၅)မီတာအရှည်ရှိသော ချဉ်းကပ်လမ်းတစ်လမ်း ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၁၁)ရွာမှ ဒေသခံပြည်သူ(၁၃,၆၁၄)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
အောင်လံမြို့နယ်အတွင်းရှိ သံချိတ်ကျေးရွာနှင့် မြို့လှကျေးရွာသို့ ဖြတ်သန်းစီးဆင်းသောချောင်းကို ဒေသခံပြည်သူများ သည် ခြောက်သွေ့သောရာသီအတွင်း ခြေလျင်ဖြင့်သော်လည်းကောင်း၊ ကားဖြင့်သော်လည်းကောင်း ကျယ်ကျယ်ပြန့် ပြန့် ဖြတ်သန်းသွားလာအသုံးပြုကြရပါသည်။ ဆေးနှင့်ပတ်သက်သောပစ္စည်းများ သယ်ယူပို့ဆောင်ရန်နှင့် စိုက်ပျိုးရေး နှင့်ပတ်သက်သော ကောက်ပဲသီးနှံများကို သဘောင်္ဖြင့်ပို့ဆောင်ရန်အတွက် ကျေးရွာနှစ်ရွာကိုဖြတ်သန်း၍ မော်တော် ယာဉ်(၃၂၅)စီးခန့် ဖြတ်သန်းသွားလာရပါသည်။ သို့သော် မိုးရာသီကာလတွင် ရေမျက်နှာပြင်(၂.၄)မီတာအထိ မြင့် တက်လာပြီး မိုးသည်းထန်စွာရွာသွန်းပါက ရေမျက်နှာပြင်(၃)မီတာအထိ မြင့်တက်လာနိုင်ပြီး ချောင်းကိုဖြတ်သန်းသွား လာ၍ မရနိုင်တော့ပါ။ ထိုအချိန်များတွင် ကျောင်းသူကျောင်းသား(၅ဝ)ဦးခန့် ကျောင်းသို့မသွားရောက်နိုင်ခြင်း၊ မော် တော်ယာဉ်များ ကုန်ပစ္စည်းများပို့ဆောင်၍မရနိုင်ခြင်းနှင့် ကျေးရွာနှစ်ရွာအတွင်းရှိ ဒေသခံပြည်သူများ သွားလာရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ကြရပါသည်။ အဆိုပါ အခြေအနေမှ တိုးတက်ကောင်းမွန်စေရန် ဂျပန်အစိုးရက (၅၆)မီတာအရှည်နှင့် (၄.၇)မီတာအကျယ်ရှိသော သံကူကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၆ဝ)မှ ဒေသခံပြည်သူ(၃၅,၂၁ဝ)ဦး အကျိုး ခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၈၉)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅၆)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၈)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက် အပံ့များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့် လျက်ရှိပါသည်။
![]() |