
ဂျပန်ဘာသာသင် ဆရာ၊ဆရာမများ အလုပ်ရုံဆွေးနွေးပွဲမိတ်ဆက်
(ရန်ကုန်မြို့နှင့် မန္တလေးမြို့)
(ရန်ကုန်မြို့နှင့် မန္တလေးမြို့)
![]() |
![]() |
ဂျပန် ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ပူးပေါင်းမှုနှင့်အတူ ဂျပန်ဘာသာသင် ဆရာ၊ ဆရာမများ၏ အရည်အချင်းများ တိုးတက်စေရန် မြန်မာနိုင်ငံ ဂျပန်ဘာသာသင် ဆရာ၊ ဆရာမများ၏ အလုပ်ရုံဆွေးနွေးပွဲကို
ရန်ကုန်နှင့် မန္တလေးမြို့များတွင် အောက်ပါအတိုင်း ကျင်းပသွားပါမည်။
ဤဆွေးနွေးပွဲတွင် တက္ကသိုလ်နှင့် ပုဂ္ဂလိက ဂျပန်စာသင်ကျောင်းများရှိ ဂျပန်စာ သင်ကြားပေးနေသော ဆရာ၊ဆရာမများ၏ အရည်အသွေးကို မြှင့်တင်ပေးပြီး၊
တစ်ဖန် ပညာရေးဆိုင်ရာ နယ်ပယ် အကြားရှိ ကွန်ရက်ကို ပိုမို ခိုင်မြဲလာအောင် ဖော်ဆောင်နိုင်ရန် ရည်ရွယ် ထားသောကြောင့် ဂျပန်စာ သင်ကြားပေးနေသော
ဆရာ၊ဆရာမ အများအပြား ပါဝင် တက်ရောက်နိုင်မည်ဟု မျှော်လင့်ထားပါသည်။
ဆွေးနွေးပွဲသို့ တက်ရောက်မည့် လူစာရင်းကို ကြိုတင် ပြုစုထားပါလိုသောကြောင့်
မန္တလေးဆွေးနွေးပွဲသို့ တက်ရောက်လိုသူများသည် ၂၀၁၉ခုနှစ် မတ်လ ၁၀ရက်နေ့ (တနင်္ဂနွေနေ့) ၊
ရန်ကုန်ဆွေးနွေးပွဲသို့ တက်ရောက်လိုသူများသည် ၂၀၁၉ခုနှစ် မတ်လ ၂၄ရက်နေ့ (တနင်္ဂနွေနေ့) ထက်နောက်မကျစေဘဲ အောက်ပါ နံပါတ်၆တွင် ဖော်ပြထားသောအတိုင်း ကြိုတင်စာရင်း ပေးသွင်းကြရန်ဖြစ်ပါသည်။
(၁) မန္တလေးနေ့ရက် ၂၀၁၉ခုနှစ် မတ်လ ၁၆ရက် (တနင်္ဂနွေနေ့) မနက် ၉နာရီမှ ညနေ၄နာရီအထိ
နေရာ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်
MUFL – Mandalay University of Foreign Languages
(62nd St, between 22nd and 23rd st, Aungmyethazan, Mandalay)
(၂) ရန်ကုန်
နေ့ရက် ၂၀၁၉ခုနှစ် မတ်လ ၃၀ရက် (တနင်္ဂနွေနေ့) မနက် ၉နာရီမှ ညနေ၄နာရီအထိ
နေရာ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်
YUFL – Yangon University of Foreign Languages
(No.119-131, University Avenue Rd, Kamayut, Yangon)
(၃) ဆွေးနွေးပွဲအကြောင်းအရာ
• မြန်မာလူမျိုးဆရာများ၏ တင်ပြဆွေးနွေးချက်
• 「N3အဆင့်သည် မည်သို့သော အဆင့်မျိုးဖြစ်ပါသနည်း」
• 「အသံထွက်၊ ဟိုက္ကုကဗျာနှင့် သဒ္ဒါ」「အခြေခံ နားထောင်မှုစွမ်းရည်နှင့် သက်ဆိုင်သည့် သင်ခန်းစာပို့ချချက်များကို ဖန်တီးခြင်း 」 (ရွေးချယ်နိုင်ပါသည်)
(၄) ကော်မတီဝင်
Mr.Sato Naoki ဂျပန်စာအဆင့်မြင့်သင်ကြားရေးပညာရှင်၊ ဂျပန်ဖောင်ဒေးရှင်း
Ms.Kunitou Asahi ဂျပန်စာပညာရှင်၊ ဂျပန်ဖောင်ဒေးရှင်း
(၅) သတိပြုရမည့် အချက်များ
ဆွေးနွေးပွဲကို ဂျပန်ဘာသာစကားဖြင့်သာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဆွေးနွေးပွဲ၏ အကြောင်းအရာများသည် ဂျပန်စာ N3 အဆင့်နှင့် အထက်ဖြစ်ပါသည်။
ပါဝင်သူများကို ပါဝင်သည့်အတွက်လက်မှတ်ပေးအပ်သွားပါမည်
(၆) လျှောက်ထားရမည့် နည်းလမ်း
Email ဖြင့် လျှောက်ထားနိုင်ပါသည်။
ပါဝင်ရမည့် အချက်အလက်များ
(၁) အမည် ( အင်္ဂလိပ်အက္ခရာဖြင့်ရေးသားဖော်ပြရန်)
(၂)သက်ဆိုင်သော အဖွဲ့အစည်း ( အလုပ်လုပ်ကိုင်နေသည့် ကျောင်းနာမည် ၊ ကုမ္ပဏီနာမည်)
(၃)ဖုန်းနံပါတ်
(၄)လိပ်စာ
(၅)ဂျပန်စာ အရည်အချင်း
၁။ မန္တလေး
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (ဂျပန်စာဌာန)
တာဝန်ခံ Daw Swe Swe Aung
ဖုန်း 09-206-2487
Email: sweswe.aung7@gmail.com
၂။ ရန်ကုန်
လျှောက်လွှာတင်ရမည့် နေရာနှင့် ဆွေးနွေးပွဲကျင်းပမည့် နေရာမှာ သီးခြားစီဖြစ်ပါသည်။
ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ
တာဝန်ခံ Ms. Pwint The Cho
ဖုန်း 09-971162280
Email: jttp.jf@gmail.com
အသေးစိတ်ကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Facebook တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။