
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် ဧရာဝတီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းသုံးခုအတွက် အထောက်အပံ့ ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၄၅,၉၁၈ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-
၁။ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မယင်းကူးကျေးရွာ တံတားဆောက်လုပ်ရေးစီမံကိန်း
(အမေရိကန်ဒေါ်လာ ၁၉၃,၈၆၅) ၊
၂။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်း(မြောက်)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်
ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၇၉,၂ဝ၅) နှင့်
၃။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လယ်ကိုင်းကျေးရွာလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း
(အမေရိကန်ဒေါ်လာ ၁၇၂,၈၄၈) တို့ဖြစ်ကြပါသည်။
မယင်းကူးကျေးရွာတွင် ၁၉၉၅ ခုနှစ်က ကျေးရွာသူကျေးရွာသားများ တည်ဆောက်ခဲ့သောတံတားမှာ မိုးရာသီ၌ ရေကြီး ရာတွင် မျောပါလာသော အကျိုးအပဲ့အပျက်အစီးများကြောင့် ပျက်စီးလျက်ရှိပြီး မော်တော်ယာဉ်များသည် ကုန်စည်နှင့် ကောက်ပဲသီးနှံများကို ပို့ဆောင်နိုင်ခြင်းမရှိပါ။ လက်ရှိတံတားတွင် လက်ကိုင်တန်းများ တပ်ဆင်ထားခြင်းမရှိသော ကြောင့် ဒေသခံပြည်သူများသည် ကျောင်းများနှင့် ဆေးရုံများအစရှိသည့် အဆောက်အအုံများသို့ သွားရောက်ရာ၌ တံတားကိုဖြတ်သန်းသွားလာစဉ် ပြုတ်ကျနိုင်သည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ အဆိုပါအခြေအနေကို တိုးတက်ကောင်းမွန်စေရန် ဂျပန်အစိုးရက (၂၄)မီတာအရှည်၊ (၅.၅)မီတာအကျယ်ရှိသော သံကူကွန်ကရစ်တံတား တစ်စင်းနှင့် ချဉ်းကပ်လမ်းတစ်လမ်း ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်း ကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၃၉)ရွာမှ ဒေသခံပြည်သူ(၂၁,၁ဝ၄)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ကျောက်မိချောင်း(မြောက်)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသည် များပြားလာသောကျောင်းသူကျောင်း သားများအားလုံး ကျောင်းတက်ရောက်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။ ထို့ကြောင့် သူငယ်တန်းမှ ဆဋ္ဌမ တန်းကျောင်းသူကျောင်းသားများသည် နေရာတစ်ခုတည်းတွင် ပညာသင်ကြားနေစဉ်အတွင်း သတ္တမတန်းနှင့် အဋ္ဌမ တန်း ကျောင်းသူကျောင်းသားများသည် ဗီနိုင်းစများနှင့် ကောက်ရိုးသက်ငယ်အမိုးဖြင့် ဆောက်လုပ်ထားသည့် ယာယီ တဲတစ်လုံးအတွင်း၌ ပညာသင်ကြားနေကြရပါသည်။ ထို့ပြင် ကျောင်းသုံးပရိဘောဂများဖြစ်သည့် စာသင်စားပွဲများနှင့် ထိုင်ခုံများမှာ ကောင်းမွန်သောအခြေအနေတွင်မရှိပါ။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ် လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၃)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူ ကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေသော ကျောင်းသူကျောင်းသား(၁ဝ၈)ဦးနှင့် ကျောင်းဆရာဆရာမ(၁၁)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
လယ်ကိုင်းကျေးရွာလမ်းသည် ကောက်ပဲသီးနှံများကို ရန်ကုန်ရှိဈေးကြီးများသို့ပို့ဆောင်ရန် ဒေသအတွက် အရေးပါ သည့် ဆက်သွယ်ရေးလမ်းတစ်လမ်းဖြစ်ပါသည်။ ထို့ပြင် ကျောင်းများနှင့်ဆေးရုံများအစရှိသည့် အဆောက်အအုံများသို့ လူမှုရေးဝန်ဆောင်မှုများလက်လှမ်းမီရန် အဆိုပါလမ်းကို ဒေသခံပြည်သူများက ကျယ်ပြန့်စွာအသုံးပြုလျက်ရှိပါသည်။ သို့သော် မိုးရာသီကာလ၌ လမ်းအခြေအနေမှာ ဖြတ်သန်းသွားလာရန် လွန်စွာခက်ခဲမှုရှိလာပါသည်။ အဆိုပါအခက်အ ခဲများကိုဖြေရှင်းရန် ဂျပန်အစိုးရက (၈၇၇)မီတာအရှည်ရှိသောလမ်းတစ်လမ်းအဆင့်မြှင့်တင်ရန်နှင့် (၆.၁)မီတာအရှည် ရှိသော သံကူကွန်ကရစ်တံတားတစ်စင်းဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွား မည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၁ဝ)ရွာမှ ဒေသခံပြည်သူ(၂၅,ဝဝဝ)ဦး အကျိုးခံစား ကြရမည် ဖြစ်ပါသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၉၂)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၆ဝ)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက် အပံ့များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့် လျက်ရှိပါသည်။