
ASIA-KAKEHASHI PROJECT 2019 အတွက် လျှောက်လွှာခေါ်ယူခြင်း
၂ဝ၁၉ ခုနှစ်၊ မတ်လ (၆) ရက်
ဂျပန်အစိုးရသည် အာဆီယံနိုင်ငံများတွင် ဂျပန်ဘာသာကို သင်ယူချင်သော ထူးချွန်လူငယ်များကို ဂျပန်နိုင်ငံရှိ အထက်တန်းကျောင်းများသို့ ဖိတ်ခေါ်ကာ ဂျပန်အထက်တန်းကျောင်းသားများနှင့်အတူ သင်ယူလေ့လာပြီး အပြည်ပြည်ဆိုင်ရာ ကူးလူးဆက်နွယ်ယဉ်ကျေးမှုဖလှယ်နိုင်စေရန် ရည်ရွယ်၍ "ASIA-KAKEHASHI PROJECT" ကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပါသည်။
ဤအစီအစဉ်ကို လက်ရှိတွင် AFS ဂျပန်အဖွဲ့အစည်းမှ လျှောက်လွှာခေါ်ယူခြင်းနှင့် ရွေးချယ်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိနေပါသောကြောင့် စိတ်ပါဝင်စားသူ ကျောင်းသားကျောင်းသူများအနေဖြင့် အောက်ပါလင့်ခ်တွင် အသေးစိတ် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
www.afsthailand.org.