ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၂၉၅,၇၁၉ ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-
၁) မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဆတ်ဆူဝကျေးရွာလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အမေရိကန်
ဒေါ်လာ ၁၄၅,၈၇ဝ) နှင့်
၂) မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အမေရိကန်
ဒေါ်လာ ၁၄၉,၈၄၉) တို့ဖြစ်ကြပါသည်။
အထက်ပါ စီမံကိန်းနှစ်ခုအတွက် လမ်းနှစ်လမ်းအဆင့်မြှင့်တင်ခြင်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများကို ၂ဝ၁၉ ခုနှစ် မတ်လ ၅ ရက်နေ့တွင် အောင်လံမြို့နယ်၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ဒုတိယအတွင်းဝန် Mr. Keita IWASE ၊ မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဆောက်လုပ်ရေးစီမံကိန်းကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ဆတ်ဆူဝကျေးရွာရှိ အဆိုပါလမ်းသည် မိုးရာသီကာလတွင် ရွှံနွံထူထပ်လာသောကြောင့် ဒေသခံပြည်သူများသည် ၄င်းတို့ ၏ စိုက်ပျိုးရေးထုတ်ကုန်များသယ်သူပို့ဆောင်ခြင်းနှင့် လူနာများကို ဆေးရုံသို့လွှဲပြောင်းပို့ဆောင်ရာ၌ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။ ထို့ပြင် အနီးဆုံးအထက်တန်းကျောင်းတစ်ကျောင်းသို့သွားတက်ရန် လေးနာရီကြာလမ်း လျှောက်ကြရသောကြောင့် အလယ်တန်းကျောင်းသူကျောင်းသားတစ်ဝက်ခန့်သည် အထက်တန်းကျောင်းသို့ ဆက် လက်တက်ရောက်နိုင်ခြင်းမရှိတော့ပါ။ အဆိုပါအခက်အခဲများကိုဖြေရှင်းရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်း များထောက်ပံ့ရေးအစီအစဉ်အရ ရေပြွန်(၂)ခုပါဝင်သည့် (၄.၈)ကီလိုမီတာအရှည်ရှိသောလမ်းကို အဆင့်မြှင့်တင်ရန် အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ဒေသခံပြည်သူ(၁,၆၈၈)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။
တပ်ကုန်းကျေးရွာတွင် ကျေးရွာသူကျေးရွာသားများသည် စိုက်ပျိုးရေးထုတ်ကုန်များပို့ဆောင်ခြင်း၊ လူနာများကို ဆေးရုံ သို့လွှဲပြောင်းပို့ဆောင်ခြင်းနှင့် ကျောင်းသူကျောင်းသားများ အထက်တန်းကျောင်းသို့တက်ရောက်ခြင်းများအတွက် အနီး ဆုံးမြို့နှင့် ဆက်သွယ်ထားသော မြေသားလမ်းတစ်လမ်းကို အသုံးပြုခဲ့ကြရပါသည်။ သို့သော် မိုးရာသီကာလတွင် အဆိုပါ မြေသားလမ်းမှာ ရွှံ့နွံထူထပ်လာခဲ့ပြီး လွန်ခဲ့သောသုံးနှစ်ခန့်က အရေးပေါ်လူနာလေးဦးကို ဆေးရုံသို့ပို့ဆောင်ရန် နောက် ကျခဲ့သည့်အတွက် အသက်ဆုံးရှုံးခဲ့ကြရပါသည်။ အဆိုပါအခက်အခဲများကိုဖြေရှင်းရန် ဂျပန်အစိုးရက ရေပြွန်(၂)ခုပါဝင် သည့် (၄.၈)ကီလိုမီတာအရှည်ရှိသော လမ်းကိုအဆင့်မြှင့်တင်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်း ကြောင့် ဒေသခံပြည်သူ(၃,၆၁ဝ)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။
ဗြန်ဒီကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ စာသင်ဆောင်တစ်ဆောင်သည် ဆိုးရွားစွာယိုယွင်းပျက်စီးလျက် ရှိပါသည်။ သို့သော် အတန်းငါးတန်းမှ ကျောင်းသူကျောင်းသားများသည် ကျောင်းဆောင်မရှိသောကြောင့် ပြိုကျနိုင်သော အန္တရာယ်ရှိသည့်ကျောင်းဆောင်တွင် ပညာသင်ကြားခဲ့ကြရပါသည်။ ကောင်းမွန်လုံခြုံသော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၄)ခန်း၊ သန့်စင် ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက် လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူ ကျောင်းသား(၁ဝ၃)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၉၃)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅၉)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၉)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။
![]() |
![]() |
![]() |

.jpg)
.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8