
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ တို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၉ ခုနှစ် မတ်လ (၁၅) ရက် နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၃၆,၆၂၃ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-
၁။ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ခေါင်းပေါင်းဖြူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်
ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၆၄,၆၅၅) ၊
၂။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆေးရိုးခင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်
လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၆၇,၃၅၇) ၊
၃။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အသက်မွေးဝမ်းကျောင်းသင်တန်းဆောင် ဆောက်လုပ်ရေးစီမံကိန်း
(အမေရိကန်ဒေါ်လာ ၁၇၇,၁၄၂) နှင့်
၎။ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ တောင်စုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး
စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၂၇,၄၆၉) တို့ဖြစ်ကြပါသည်။
ခေါင်းပေါင်းဖြူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် အသုံးပြုနေသော စာသင်ဆောင်နှစ်ဆောင်မှာ နံရံ ပေါ်တွင် အက်ကြောင်းကြီးများနှင့် ဆိုးရွားစွာယိုယွင်းပျက်စီးလျက်ရှိပါသည်။ ကျောင်းတွင် ကျောင်းသူကျောင်းသား များအတွက် လုံလောက်သည့် နေရာအကျယ်အဝန်းမရှိသောကြောင့် အတန်းနှစ်တန်းသာ လက်ခံနိုင်သော ကျောင်း ဆောင်အမှတ်(၂)မှာ အတန်းလေးတန်းမှ ကျောင်းသူကျောင်းသားများ ပညာသင်ကြားနေကြရပါသည်။ ထို့ပြင် ကျောင်းသုံးပရိဘောဂများဖြစ်သည့် စာရေးခုံများနှင့် ထိုင်ခုံများမှာလည်း လုံလောက်မှုမရှိပါ။ သင့်တင့်လျောက်ပတ် သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၈)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့် အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေး သွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၅၇) ဦးနှင့် ဆရာဆရာမ(၁၂)ဦးတို့ အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဆေးရိုးခင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သည် ၄င်းဒေသတွင် တခုတည်းသော အထက်တန်း ကျောင်း(ခွဲ)ဖြစ်ပြီး ကျောင်းသူကျောင်းသားအရေအတွက်မှာ လွန်ခဲ့သောသုံးနှစ်က (၁ဝဝ)ခန့်များပြားလာပါသည်။ ထိုအကျိုးဆက်ကြောင့် ကျောင်းသူကျောင်းသားများသည် ယာယီစာသင်ဆောင်နှစ်ဆောင်အတွင်း ပညာသင်ကြားရန် လုံလောက်သောနေရာမရှိပဲ ကျပ်တည်းစွာသင်ကြားနေကြရပါသည်။ အဆိုပါယာယီတဲများ၏ ဖွဲ့စည်းတည်ဆောက်ပုံ ညံ့ဖျင်းသောကြောင့် မိုးရာသီကာလတွင် စာသင်ချိန်များမကြာခဏ ရပ်နားထားရပါသည်။ အဆိုပါအခက်အခဲများကို ဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၁ဝ)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူ ကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤ စီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၇၇၁)ဦးနှင့် ဆရာဆရာမ(၂၅)ဦး တို့ အကျိုးခံစားကြရမည် ဖြစ်ပါသည်။
မြစ်ကြီးနားမြို့ အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်း လက်ရှိအဆောက်အအုံမှာ ၄င်း၏ဖွဲ့စည်းတည်ဆောက်ပုံ အားနည်းသောကြောင့် မိုးရာသီကာလတွင် သင်တန်းချိန်များ မကြာခဏဖျက်ရပါသည်။ ထို့ပြင် စာသင်ခန်းအရေ အတွက် မလုံလောက်သောကြောင့် သင်တန်းတစ်ခုကို နှစ်စဉ် သင်တန်းချိန်တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်သာလျှင် ကျင်းပပြုလုပ်ပေးနိုင်ပါသည်။ မျိုးစေ့သိုလှောင်ခန်းကို စာကြည့်တိုက်တစ်ခုအဖြစ် အသုံးပြုနေရသောကြောင့် မျိုးစေ့ များမှာ စာအုပ်အဟောင်းများမှ ဖုန်မှုန့်များနှင့် မှိုများကြောင့် ထိခိုက်ပျက်စီးမှုများရှိနေပါသည်။ အဆိုပါအခက်အခဲကို ဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်း၊ ဓါတ်ခွဲခန်း၊ ဝန်ထမ်းအခန်း၊ ကျောင်းသားအထောက်အကူပြုစင်တာ၊ ဧည့်ကြိုဌာန၊ စာကြည့်တိုက်၊ သိုလှောင်ခန်းနှင့် သန့်စင်ခန်းများပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် သင်တန်းဆောင် တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ၄င်းဒေသ အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် လူငယ်ဦးရေ(၆၂ဝ)ဦးတို့ အကျိုးခံစားကြရမည် ဖြစ်ပါသည်။
တောင်စုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ၁၉၈၅ ခုနှစ်က ဆောက်လုပ်ထားသော စာသင် ဆောင်မှာ နှစ်ပေါင်းကြာလာသည့်အမျှ ယိုယွင်းပျက်စီးလျက်ရှိပါသည်။ စာသင်ဆောင်၏ အချို့နေရာများကို ဝါးများဖြင့် ပြုပြင်ထားသော်လည်း ကျောင်းသူကျောင်းသားများသည် မိုးရာသီကာလ၌ ကြမ်းတမ်းသောပတ်ဝန်းကျင်ရှိသည့် စာသင်ခန်းများအတွင်း လေဒဏ်မိုးဒဏ်များ ထိတွေ့ခံစားရကာ ပညာသင်ကြားနေကြရပါသည်။ ထို့ပြင် အတန်းများကို ပိုင်းခြားထားရန် ယာယီခန်းဖွဲ့များဖြင့် တည်ဆောက်ထားသော အခန်းကျယ်ကြီးတစ်ခုအတွင်း အတန်းခြောက်တန်းမှ ကျောင်းသူကျောင်းသားများသည် ဆူညံသံများဖြင့် မကြာခဏ စိတ်အနှောင့်အယှက်ဖြစ်ကာ ပညာသင်ကြားနေကြ ရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်း နှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ် ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁၅၅)ဦးနှင့် ဆရာဆရာမ(၁၁)ဦးတို့ အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၉ဝ၄)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၆၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက် အပံ့များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့် လျက်ရှိပါသည်။