
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာနှင့် မလောင်ကျေးရွာချင်း ဆက်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃ဝ၁,ဝ၄၁ ပေးအပ်ခဲ့ပါသည်။
အထက်ပါစီမံကိန်းအတွက် အဆင့်မြှင့်တင်ထားသည့် ကျေးရွာချင်းဆက်လမ်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ်၊ မတ်လ(၂၂)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး တတိယအတွင်းဝန် Ms. Ayano SUZUKI ၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံး၊ မအူပင်မဲဆန္ဒနယ်အမှတ်(၁) ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ ဆောက်လုပ်ရေးစီမံကိန်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ များ တက်ရောက်ခဲ့ကြပါသည်။
ဤဒေသတွင်နေထိုင်ကြသော ဒေသခံပြည်သူအများစုသည် စိုက်ပျိုးရေးနေ့စားအလုပ်သမားများဖြစ်ကြပြီး အဆိုပါ လမ်းကို ကျေးရွာသူကျေးရွာသားများသည် နေ့စဉ်လုပ်ငန်းခွင်သို့သွားလာရန်၊ ဆေးရုံများသို့ အရေးပေါ်လူနာများ ပို့ဆောင်ရန်နှင့် စိုက်ပျိုးရေးနှင့်ပတ်သက်သော ကောက်ပဲသီးနှံများကို သယ်ယူပို့ဆောင်ရန်အတွက် ကျယ်ပြန့်စွာ အသုံးပြုကြပါသည်။ သို့သော် အဆိုပါလမ်းသည် မိုးရာသီကာလတွင် ဖြတ်သန်းသွားလာ၍မရသဖြင့် ကျေးရွာသူ ကျေးရွာသားများက ကျောင်းများနှင့်ဆေးရုံများ အစရှိသည့်နေရာများသို့ လက်လှမ်းမီသွားလာရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင် ကြုံတွေ့ကြရပါသည်။ ထို့ပြင် အဆိုပါ ဖြတ်သန်းသွားလာ၍ မရနိုင်သောလမ်းသည် ကောက်ပဲသီးနှံများကို သယ်ယူပို့ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိသောကြောင့် လယ်သမားများ၏ဝင်ငွေကို ထိခိုက်စေပါသည်။ အဆိုပါ အခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက သံကူကွန်ကရစ်တံတား တစ်စင်းနှင့် ရေပြွန်(၄)ခုပါဝင်သော (၆.၂) ကီလိုမီတာအရှည်ရှိသည့် ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၁ဝ)ရွာမှ ဒေသခံပြည်သူ (၅,၆၆၃)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၉ဝ၄)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၆၇)ခု၊ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၆)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီး ဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာ လာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |