ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် (အမေရိကန်ဒေါ်လာ ၁၈ဝ,၆၁၁) ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ -
၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကြို့ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်
ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၅၃,၄၈၆) နှင့်
၂) စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ မြို့မ အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)
ဆောက်လုပ်ရေးစီမံကိန်း(အမေရိကန်ဒေါ်လာ ၁၂၇,၁၂၅) တို့ဖြစ်ကြပါသည်။
အထက်ပါ စီမံကိန်းနှစ်ခုအတွက် စာသင်ကျောင်းနှစ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၉ ခုနှစ် မတ်လ (၂၅) နှင့် (၂၆)ရက်နေ့တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်နှင့် ပင်လည်ဘူးမြို့နယ်များ၌ အသီးသီးကျင်းပ ခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ဒုတိယအတွင်းဝန် Mr. Keisuke AMIMOTO ၊ ဘုတလင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ ပင်လည်ဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြပါသည်။
ကြို့ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သည် စာသင်ခန်းမလုံလောက်သော အခက်အခဲနှင့် ရင်ဆိုင်ကြုံ တွေ့ခဲ့ရပြီး ပညာသင်ကြားရန် အသုံးပြုခဲ့ကြရသည့် ဆရာဆရာမအဆောင်များအပါအဝင် စာသင်ဆောင်(၄)ဆောင်မှာ ဆိုးရွားသောအခြေအနေ၌ ရှိနေခဲ့ပါသည်။ ထို့ပြင် အဆိုပါကျောင်းသည် အနီးပတ်ဝန်းကျင်မူလတန်းကျောင်း(၉) ကျောင်းမှ မူလတန်းအောင်မြင်ပြီးစီးသော ကျောင်းသူကျောင်းသားများကို လက်ခံသင်ကြားပေးရပြီး စာရေးခုံများနှင့် ထိုင်ခုံများမှာလည်း လုံလောက်မှုမရှိခဲ့ပါ။ အဆိုပါအခက်အခဲများကို ဖြေရှင်းရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်း များ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၃)ခန်းနှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံပါဝင်သော တစ်ထပ်သံကူ ကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင် ကြားနေကြသော ကျောင်းသူကျောင်းသား(၃၃၉)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
မြို့မ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ စာသင်ဆောင်များမှာ နံရံများပေါ်တွင် အက်ကြောင်းများနှင့် အမိုး၌ မိုးယိုမှုများဖြင့် ဆိုးရွားစွာယိုယွင်းပျက်စီးလျက်ရှိပါသည်။ စာသင်ခန်းမလုံလောက်သောကြောင့် ကျောင်းသူ ကျောင်းသားများသည် အဆိုပါဆွေးမြည့်နေသော စာသင်ဆောင်များတွင် ကျပ်တည်းစွာ ပညာသင်ကြားခဲ့ကြရပါသည်။ စာရေးခုံများနှင့် ထိုင်ခုံများမှာလည်း လုံလောက်မှုမရှိသည့်အပြင် ဆိုးရွားသောအခြေအနေတွင် ရှိနေခဲ့ပါသည်။ သင့်တင့် လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ ရေးအစီအစဉ်အရ စာသင်ခန်း(၆)ခန်း၊ ကျောင်းသုံးပရိဘောဂ အပြည့်အစုံနှင့် သန့်စင်ခန်းများပါဝင်သော တစ်ထပ်သံကူ ကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၅၄၂)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၉ဝ၄)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၆၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |

.jpg)
.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8