ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကယားပြည်နယ်တွင် စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်ပြီးစီးခဲ့
၂ဝ၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၉ဝ,၆၇၄ ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းမှာ-

၁) ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ဒေါကမီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၉ဝ,၆၇၄)

အထက်ပါစီမံကိန်းအတွက် စာသင်ကျောင်းတစ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ပထမအတွင်းဝန် Mr. Naoki TAKIGAWA ၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ၊ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ရေးရာဝန်ကြီး ဦးခင်မောင်ဖြူ၊ ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ကယားပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေ၊ ဆောက်လုပ်ရေးစီမံကိန်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ ကြပါသည်။

ဒေါကမီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် တည်ရှိပါသည်။ လက်ရှိစာသင်ဆောင်သည် ကျောင်းသူကျောင်းသားအားလုံး မတက်ရောက်နိုင်သောကြောင့် ကျောင်းသူကျောင်းသား (၈ဝ)ခန့်သည် ဆိုးရွားစွာယိုယွင်းပျက်စီးနေသော ယာယီတဲများအတွင်း၌ ပညာသင်ကြားခဲ့ကြရပါသည်။ ကျောင်းသူ ကျောင်းသားများသည် ယာယီတဲများအတွင်း ပညာသင်ကြားနေစဉ် သင့်လျော်သောနံရံမရှိသောကြောင့် လေဒဏ် မိုးဒဏ်များ ထိတွေ့ခံစားကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန် အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၄)ခန်း၊ သန့်စင်ခန်းများ၊ ရေသွယ်မှု စနစ်နှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက် လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူ ကျောင်းသား(၂၅၂)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၉ဝ၄)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၆၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။