ဂျပန်ဘာသာပညာရေးအဖွဲ့အစည်းများ

ဂျပန်ဘာသာသင်ကြားရေးကို အဓိကထားကာ ဂျပန်နိုင်ငံသို့ လာရောက်ကြသော နိုင်ငံခြားသားများအတွက် ဂျပန်ဘာသာသင်ကြားနေကြသော ကျောင်းများအနက်မှ နေထိုင်ခွင့်ကတ်ပြား "ပညာသင်ယူခြင်း" ကို ထုတ်ပေးနိုင်သော ကျောင်းကို ဂျပန်နိုင်ငံတရားရေးဝန်ကြီးဌာနမှ ဂျပန်ဘာသာပညာရေးအဖွဲ့အစည်းများအဖြစ် သတ်မှတ်ပြဋ္ဌာန်းလိုက်ပါသည်။

တရားရေးဝန်ကြီးဌာန တရားဝင် ဝက်ဘ်ဆိုဒ် (ဂျပန်ဘာသာ)
http://www.moj.go.jp/nyuukokukanri/kouhou/nyukan_nyukanho_ho28-2.html

ဂျပန်ဘာသာပညာရေးအဖွဲ့အစည်းများ (၂၀၁၈ ခုနှစ် ၁၂လပိုင်းတွင် ထုတ်ပြန်သည်။ ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသည်။)

ဂျပန်နိုင်ငံ၏ ဂျပန်ဘာသာပညာရေးအဖွဲ့အစည်းများတွင် ပညာသင်ယူလိုသောသူများအနေဖြင့် မိမိပညာသင်ယူလိုသော ကျောင်းမှာ အထက်ပါ စာရင်းတွင် ဖော်ပြထားခြင်းရှိ/မရှိ အတည်ပြုပြီးမှသာ ဂျပန်နိုင်ငံသို့ ပညာသင်သွားရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။