ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၂ဝ၂,၇ဝ၅ ကို ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် ပေးအပ်ခဲ့ပါသည်။
အထက်ပါ စီမံကိန်းအတွက် စာသင်ကျောင်းတစ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဧပြီလ (၂၂) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး တတိယအတွင်းဝန် Ms. Ayano SUZUKI ၊ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင် ၊ ဗန်းမော်မြို့နယ် မဲဆန္ဒနယ် ကချင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း ၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး စိုးလှိုင် ၊ ဆောက်လုပ်ရေးစီမံကိန်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါ သည်။
အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကျောင်းဆောင်(၈)ဆောင်ရှိပါသည်။ သို့သော် အဆိုပါ ကျောင်းဆောင်များမှ ကျောင်းဆောင်(၅)ဆောင်ကို ၁၉၄၉ ခုနှစ်၌ တည်ဆောက်ခဲ့ပြီး ဆိုးရွားစွာယိုယွင်းပျက်စီးလျက်ရှိ ပါသည်။ သင့်လျော်သော စာသင်ကျောင်းဆောင်များ မရှိသောကြောင့် ပညာရေးဝန်ကြီးဌာနသို့ ဖျက်သိမ်းရန်တင်ပြ ထားသော အဆိုပါကျောင်းဆောင်များအတွင်းတွင် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားခဲ့ကြရပါသည်။ လုံခြုံစိတ်ချရသော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ ရေးအစီအစဉ်အရ စာသင်ခန်း(၁ဝ)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁,၂ဝ၂)ဦးတို့ အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၉ဝ၄)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးကဏ္ဍစီမံကိန်းပေါင်း(၄၆၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့် မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက်အအုံ စီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။
![]() |
![]() |
![]() |

.jpg)
.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8