ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရွာမ အခြေခံပညာအလယ်တန်းကျောင်း ဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၃၁,၈၃၆ ပေးအပ်ခဲ့ပါသည်။
အထက်ပါ စီမံကိန်းအတွက် စာသင်ကျောင်းတစ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ပထမအတွင်းဝန် Mr. Naoya KISHI ၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
တပ်ကုန်းရွာမ အခြေခံပညာအလယ်တန်းကျောင်းတွင် ဒေသအတွင်းရှိ ကျောင်းသူကျောင်းသားအားလုံးကို ကျောင်းအပ် လက်ခံရန် နေရာလုံလောက်မှု မရှိခဲ့ပါ။ အဆိုပါကျောင်းသည် အနီးပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှ ကျောင်းသူကျောင်းသားများကိုလည်း လက်ခံခဲ့ရသောကြောင့် စာသင်ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ရန် အတွက် အရေးတကြီးလိုအပ်ခဲ့ပါသည်။ ထို့ပြင် လက်ရှိကျောင်းဆောင်များမှာ အရည်အသွေးမပြည့်မီသောကြောင့် သင့်လျော်သောခန်းဖွဲ့မရှိသည့် ကျပ်တည်းသောနေရာတစ်ခုတွင် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားခဲ့ကြ ရပါသည်။ လုံခြုံစိတ်ချရသော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၈)ခန်း၊ ကျောင်းသုံးပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်းများပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံ ကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၅၆၄)ဦးတို့ အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၉ဝ၄)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးကဏ္ဍစီမံကိန်းပေါင်း(၄၆၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့် မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက်အအုံ စီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |

.jpg)
.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8