ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၉၄,ဝ၁ဝ ကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါအထက် အခြေခံပညာ မူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် ပေးအပ်ခဲ့ပါသည်။
အထက်ပါ စီမံကိန်းအတွက် စာသင်ကျောင်းတစ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် မေလ (၂)ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး တတိယအတွင်းဝန် Ms. Suzumi Sekine ၊ ဆောက်လုပ်ရေးစီမံကိန်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ကဒါအထက် အခြေခံပညာမူလတန်းကျောင်းရှိ ၁၉၅၄ ခုနှစ်က တည်ဆောက်ခဲ့သော ကျောင်းဆောင်တစ်ဆောင်သည် ပြတင်းပေါက်များကျိုးပျက်နေပြီး သစ်သားတိုင်များမှာလည်း ဆွေးမြည့်နေကာ သိသာထင်ရှားစွာ ယိုယွင်းပျက်စီးနေခဲ့ပါ သည်။ ပထမထပ်ကြမ်းခင်းအစိတ်အပိုင်းအချို့မှာ ပြိုကျနိုင်သည့်အန္တရာယ်ရှိသည့်အတွက် အသုံးပြု၍မရနိုင်ခဲ့ပါ။ ထို့ပြင် စာရေးခုံများမှာ ဆွေးမြည့်နေသောကြောင့် မျက်နှာပြင်မညီညာသည့်အတွက် ကျောင်းသူကျောင်းသားများစာရေးရာ၌ အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။ လုံခြုံစိတ်ချရသော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန် အစိုးရက ၄င်း၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၁၉)ဦးတို့ အကျိုး ခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၉ဝ၄)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးကဏ္ဍစီမံကိန်းပေါင်း(၄၆၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့် မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက်အအုံ စီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။
![]() |
![]() |
![]() |

.jpg)
.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8