ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် (အမေရိကန်ဒေါ်လာ ၁၁၈,၉၃၇) ကို မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ရေငံကျေးရွာ တံတား ဆောက်လုပ်ရေးစီမံကိန်းအတွက် ပေးအပ်ခဲ့ပါသည်။
အထက်ပါ စီမံကိန်းအတွက် ငုပ်လျှိုးတံတားတစ်စင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် မေလ ၈ ရက်နေ့ တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး တတိယအတွင်းဝန် Ms. Ayano SUZUKI ၊ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ နတ်မောက် မြို့နယ်မဲဆန္ဒနယ်(၁) မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေ၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ရေငံကျေးရွာတွင်နေထိုင်ကြသော ဒေသခံပြည်သူများသည် စာသင်ကျောင်း များ၊ ဆေးရုံများနှင့် ဈေးများတည်ရှိသော နတ်မောက်မြို့ကို ဆက်သွယ်ထားသည့် မြစ်ကိုဖြတ်သန်းသွားလာရန် တံတား မရှိသောကြောင့် ပြည်သူ့ဝန်ဆောင်မှုများ လက်လှမ်းမီနိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထို့ကြောင့် ဒေသခံပြည်သူများသည် ခြောက်သွေ့သောရာသီတွင် မြစ်ကြမ်းပြင်တစ်လျှောက် သုံးမိုင်ခန့် လမ်းလျှောက်ရ သောကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါသည်။ အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရန် ဂျပန်အစိုးရက ၄င်း၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ၄၁ မီတာအရှည်ရှိသော ငုပ်လျှိုးတံတားတစ်စင်း ဆောက်လုပ်ရန် အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ရေငံကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၇)ရွာမှ ဒေသခံပြည်သူ(၇,ဝဝဝ)ဦးခန့် အကျိုးခံစားကြရမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၉ဝ၄)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၆၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |

.jpg)
.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8