၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. Ichiro MARUYAMA နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့သည် ၂၀၁၉ ခုနှစ် မေလ ၂၇ ရက်နေ့၌ နေပြည်တော်တွင် “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု ပညာသင်အထောက်အပံ့စီမံကိန်း” ဖြင့် ဂျပန်ယန်း ၆၁၂ သန်း (အမေရိကန်ဒေါ်လာ ၅.၅၆ သန်း ခန့်) ပမာဏရှိသည့် အထောက်အပံ့ကို ပေးအပ်နိုင်ရန်အတွက် စာချွန်လွှာ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းလည်း တက်ရောက်ခဲ့ပါသည်။
၂။ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုပညာသင် အထောက်အပံ့စီမံကိန်းသည် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်း၍ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ ငယ်ရွယ်သည့် ခေါင်း ဆောင်များအတွက် ဂျပန်နိုင်ငံ၌ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့အတန်းများတွင် ပညာလေ့လာဆည်းပူးနိုင် မည့် အခွင့်အလမ်းများ ဖန်တီးပေးကာ ပြဿနာများဖြေရှင်းခြင်းနှင့် မူဝါဒချမှတ်ခြင်းတို့အတွက် လိုအပ်သည့် စွမ်းရည်နှင့် ဗဟုသုတများကို ရရှိစေနိုင်ရန် ရည်ရွယ်ပါသည်။
![]()  | 
						![]()  | 
						
						
						
					



No.100 Natmauk Road, Bahan Township, Yangon
			
01-549644~8