ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၄၆၉,၅၇၇ ကို ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ - 
(၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ် ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၈၉,၈၇၅) ၊ 
(၂) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကြာအင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၅ဝ,၁၆၂) ၊
(၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စည်သာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁ဝ၇,၂၁၄) နှင့် 
(၄) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာယာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၂၂,၃၂၆) ဖြစ်ကြပါသည်။
အထက်ပါ စီမံကိန်းများအတွက် စာသင်ကျောင်းလေးကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၉ ၊ ၂ဝ နှင့် ၂၁ ရက်နေ့များတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးနှင့် ကလေးဝမြို့နယ်များ၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ပထမအတွင်းဝန် Mr. Wataru Suzuki ၊ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်း ရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း ၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်၊ ကလေးဝမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းမြင့် ၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းရှိ မူလကျောင်းဆောင်မှာ ဒေသခံပြည်သူများမှ ဆောက်လုပ်ခဲ့ သောကြောင့် စာသင်ခန်းတစ်ခန်းစီ၏ အရွယ်အစားမှာ အစိုးရမှသတ်မှတ်ထားသော စံချိန်စံညွှန်းထက် သေးငယ်နေခဲ့ပါ သည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားဦးရေ(၆ဝ)ကျော်သည် ကျပ်တည်းသောစာသင်ခန်းတစ်ခန်းအတွင်းတွင် ပညာသင်ကြားခဲ့ကြရပါသည်။ အဆိုပါ အခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိ ဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၃၁၆)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ကြာအင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ စာသင်ခန်းအချို့မှာ ၂ဝ၁၅ ခုနှစ် ရေကြီးမှုကြောင့် အသုံးပြု၍ မရနိုင်တော့ပါ။ ထို့ကြောင့် ကျောင်းသူကျောင်းသားဦးရေ(၇ဝ)ကျော်သည် စာသင်ခန်းတစ်ခန်းအတွင်း၌ ပညာသင် ကြားခဲ့ကြရပြီး နေရာကျပ်တည်းမှုကြောင့် ၄င်းတို့၏ သင်ခန်းစာများကို အာရုံစိုက်၍ မရနိုင်တော့ပါ။ သင့်တင့်လျောက် ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၈)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၅၇၂)ဦး အကျိုး ခံစားကြရမည် ဖြစ်ပါသည်။
ထိုနည်းတူစွာ စည်သာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသည် ၂ဝ၁၅ ခုနှစ်တွင် ရေကြီးမှုဒဏ်ခံခဲ့ရသော ကြောင့် ကျောင်းဆောင်တစ်ဆောင်မှာ (၉)ရက်တိုင် ရေနစ်မြုပ်ခဲ့ပြီး ဆိုးရွားစွာပျက်စီးခဲ့ပါသည်။ သို့သော်လည်း ရွာသူ ရွာသားများမှာ ကျောင်းဆောင်အသစ်တစ်ဆောင်ဆောက်လုပ်ရန် ငွေကြေးမတတ်နိုင်ခဲ့သောကြောင့် ကျောင်းသူ ကျောင်းသားများအားလုံးမှာ အဆိုပါကျောင်းဆောင်တွင်ပင် ဆက်လက်ပညာသင်ကြားခဲ့ကြရပါသည်။ လုံခြုံစိတ်ချရ သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့် အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁၂၅)ဦး အကျိုးခံစား ကြရမည် ဖြစ်ပါသည်။
သာယာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းဆောင်မှာ ပြိုကျလုနီးပါးဖြစ်နေပြီး ဆိုးရွားစွာဆွေးမြေ့နေ သော တိုင်များကြောင့် သစ်သားများဖြင့်ထောက်ကန်ပေးခဲ့ရပါသည်။ သို့သော်လည်း ကျောင်းသူကျောင်းသားများသည် အခြားအဆောင်မရှိသောကြောင့် အဆိုပါကျောင်းဆောင်တွင် ပညာသင်ကြားခဲ့ကြရပါသည်။ ထို့ပြင် ကျောင်းသူကျောင်း သားဦးရေ များပြားလာသောကြောင့် ကျောင်းသူကျောင်းသားဦးရေ(၆ဝ)ကျော်သည် စာသင်ခန်းတစ်ခန်းတွင်း၌ ပညာ သင်ကြားခဲ့ကြရပြီး ကျောင်းတွင် သင့်တော်သောစာသင်ခန်းများမရှိခြင်းကြောင့် ဆဋ္ဌမတန်းနှင့် သတ္တမတန်း ကျောင်းသူ ကျောင်းသားအသစ်များကို ကျောင်းအပ်လက်ခံနိုင်ခြင်းမရှိခဲ့ပါ။ အဆိုပါ အခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင် ခန်း(၈)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၅၄၂)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၉ဝ၄)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးကဏ္ဍစီမံကိန်းပေါင်း(၄၆၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့် မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက်အအုံ စီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]()  | 
						![]()  | 
						![]()  | 
						
						
					

.jpg)
.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
			
01-549644~8