
ဇူလိုင်လမှ စက်တင်ဘာလအတွင်း (ဂျပန်နိုင်ငံ၏ နွေရာသီ) ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအနေနှင့်
"ပြင်းထန်သော အပူရှိန်ကြောင့် အပူရှပ်ခြင်း" အား သတိပြုကြပါရန်
"ပြင်းထန်သော အပူရှိန်ကြောင့် အပူရှပ်ခြင်း" အား သတိပြုကြပါရန်
၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ (၅) ရက်
နှင်းများနှင့်နိုင်ငံ 「ဂျပန် 」
မြန်မာနိုင်ငံသားများခင်ဗျာ ..... ဂျပန်နိုင်ငံကို ရာသီဥတုအေးသောနိုင်ငံဟု တွေးထင်ကြပါသလား။
ဂျပန်နိုင်ငံ၏ နွေရာသီသည်လည်း မြန်မာနိုင်ငံကဲ့သို့ပင် အပူချိန်မြင့်မားပါသည်။
လေထုစိုထိုင်းဆမှာလည်း မြင့်တက်လျက်ရှိပြီး ပူလောင်အိုက်စပ်လွန်းသည့် အချိန်ကာလဖြစ်ပါသည်။
ဤအချိန်ကာလ၌ ဂျပန်နိုင်ငံအတွင်း လည်ပတ်သွားလာနေစဉ် "ပြင်းထန်သော အပူရှိန်ကြောင့် အပူရှပ်ခြင်း" ဖြစ်ပေါ်လွယ်သည့်အတွက်
ထီးများ၊ ဦးထုပ်များကို အသုံးပြုခြင်း၊ မကြာခဏ အနားယူခြင်း၊ ရေဓာတ်နှင့်ဆားဓာတ်များကို ဖြည့်စွက်ပေးခြင်းတို့ကို
မမေ့မလျော့ လုပ်ဆောင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
■ Basic information on Safety tips, an app that provides disaster information including heatstroke information to international visitors (Japan Tourism Agency)
■ Heat Illness Risk Information (Japan Meteorological Agency)
![]() |
![]() |